logo
myanmar
ကမ္ဘာကျော် နာမည်ကြီး Brand တွေ Chatbot ကိုဘလို သုံးကြလဲ?

ကမ္ဘာကျော် နာမည်ကြီး Brand တွေ Chatbot ကိုဘလို သုံးကြလဲ?

11 Oct 2020

စီးပွားရေးလုပ်ငန်းများနဲ့ကုန်အမှတ်တံဆိပ်အများစုဟာ လက်ရှိအချိန်မှာ Chatbotတွေကိုစိတ်ဝင်စား ဖွယ်နည်းလမ်း အမျိုးမျိုးနဲ့အသုံးပြုနေကျပါပြီ။ Chatbot တွေမှတစ်ဆင့် အစားအသောက်မှာယူတာ၊ လေယာဉ်လက်မှတ်မှာ ယူတာမှအစမျိုးမျိုးသောအကြောင်းအရာတွေအကြံပြုချက်တွေအတွက်အသုံးပြုလို့ရတဲ့အတွက် Marketing ပိုင်းနဲ့ Customer Support ပိုင်းအတွက်အလွန်အထောက်အကူပြုတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ယခု ဖော်ပြချင်တာကတော့ Chatbots တွေကိုလက်ရှိအသုံးပြုနေတဲ့ နာမည်ကြီး Brand တွေနဲ့ သူတို့ရဲ့ Chatbots ကိုအ သုံးပြုပုံနည်းလမ်းတွေကိုဖော်ပြပေးလိုပါတယ်။

Starbucks

ပထမဆုံးဖော်ပြချင်တာကတော့ Starbucks ပါ။ Starbucksဟာဆိုရင် နှစ်သက်ရာ Drinks & Snacks တွေကို Text Message ဒါမှမဟုတ် Voice message မှတစ်ဆင့်အလွယ်တကူရွေးချယ်မှာယူလို့ရအောင် Chatbot ကိုအသုံးပြုထားပါတယ်။ နှစ်သက်ရာရွေးချယ်ပြီးပြီဆို Chatbots ကတစ်ဆင့် ကုန်ကျငွေကိုပါ တွက်ချက်ပေးမှာဖြစ်ပါတယိ။ Starbuck ရဲ့ Chatbot ကိုတော့ Starbuck Application ကနေတစ်ဆင့် အသုံးပြုလို့ရပြီး Iphone, Android နဲ့ Windows အတွက်ပါအသုံးပြုလို့ရမှာဖြစ်ပါတယ်။

Sephora

Sephora ဆိုရင်တော့မိန်းကလေးအများစုသိကျမှာပါ။ Sephora ကို Kik ကနေတစ်ဆင့် Chat မယ်ဆိုရင်တော့ Makeup Tutorial အမျိုးအစားပေါင်းစုံကိုကြည့်ရှုလို့ရမှာဖြစ်ပြီး Sephora Store မှာတင်ထားတဲ့ Product တွေရဲ့ Rating နဲ့ Review တွေကိုပါတစ်ခါတည်းကြည့်ရှုပြီးရွေးချယ် ဝယ်ယူနိုင်အောင်ပြုလုပ်ထားပါတယ်။

Spotify

Spotify ရဲ့ Facebook Messenger မှာဆိုရင်လည်းစတင် Chat Box ကိုအသုံးပြုတာနဲ့ သင့်အတွက် Playlist Recommendation ကိုပေးပို့မှာဖြစ်ပြီး သင့်ရဲ့ခံစားမှုအလိုက်ရွေးချယ်နား ဆင်နိုင်ရန်ပြုလုပ် ပေးထားပါတယ်။ဒါ့အပြင် သီချင်းရှာဖွေတာ Share လုပ်တာ နားထောင်တာတွေအတွက်လဲ အဆင် ပြေအောင် Chatbot ကိုအသုံးပြုထားပါတယ်။

Mastercard

Mastercard ရဲ့ Facebook messenger chatbot မှာဆိုရင် Customer တွေအတွက် Account နဲ့ပက်သက်တဲ့လုပ်ငန်းကိစ္စအဝဝကိုမေးမြန်းလို့ရပါတယ်။ ဥပမာအနေနှင့် (How much did I spent on restaurants in May?”) စသဖြင့် အသုံးပြုလို့ရပါတယ်။

Pizzahut

Pizzahut ရဲ့ Facebook messenger နဲ့ Twitter မှာဆိုရင်လည်း စားသုံးသူ Customer တွေအတွက် Pizza ကို Delivery ယူမလား ဒါမှမဟုတ် ကိုယ်တိုင်လာယူမလားစသဖြင့် Chatbot ကိုအသုံးပြုထား ပါတယ်။ အခြား နှစ်သက်ရာ Pizza ရွေးချယ်တာ မေးခွန်းတွေမေးတာစသဖြင့်လဲ အသုံးပြုလို့ရပါသေး တယ်။


Recent posts