08 Feb 2018
Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်သည် ၂၀၁၈ အတွင်း Facebook တွင် ကြီးမားသော ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဟု ဇန်နဝါရီ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။
အဆိုပါပြောကြားချက်အရ ယခုနှစ် ၂၀၁၈ အတွင်း Facebook သုံးပြုနေချိန်များသည် user များအတွက် အမှန်တကယ် အကျိုးရှိသောအချိန်များ ဖြစ်လာစေရန် အဓိကပစ်မှတ်ထား၍ လုပ်ဆောင်သွားမည်ဟုဆိုသည်။
Facebook သည် user များအား မိသားစုများ သူငယ်ချင်းများနှင့် ပိုမိုနွေးထွေးစွာဆက်သွယ်နိုင်ရန် ရည်ရွယ်ထားခြင်းကြောင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။
အဓိကပြောင်းလဲမှုများအနေဖြင့် Facebook user များသည် မိမိနှင့်သက်ဆိုင်သော မိမိအမှန်တကယ် စိတ်ဝင်စားသော post များသာ ပို၍မြင်တွေ့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ Facebook user များအတွက် ယခင်ထက်ပို၍ အဓိပ္ပာယ်ရှိသော လူမှုဆက်ဆံရေးကို ရရှိစေမည်ဟုဆိုသည်။
Facebook အသုံးပြုနေစဉ် စီးပွားရေးကြော်ငြာများ၊ Brand Page များမှ ကြော်ငြာများနှင့် မီဒီယာများအား မြင်တွေ့ရမှုကို လျှော့ချသွားမည်ဟုဆိုသည်။ ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာ Facebook user အချင်းချင်းပိုမို ရင်းနှီးစွာ ဆက်ဆံနိုင်ကြရန်ဖြစ်သည်။
ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့စီးပွားရေးအတွက် Digital Marketing ဆောင်ရွက်ရာတွင် Facebook Platform တစ်ခုတည်းဖြင့် မလုံလောက်တော့ပေ။ အခြားသော Search Engine ၊ Display Network ၊ Youtube Platform များပေါ်တွင်ပါ ပြင်ဆင်ထားရန် လိုအပ်ပေသည်။
Facebook Page တော့ရှိပေမယ့် တခြား Platform တွေအတွက် အဆင်သင့်မဖြစ်သေးတာ၊ Facebook Page မှာလည်း Function တွေသေချာ အသုံးမပြုရသေးတာ၊ Digital Marketing ကို အချိန်ပြည့် ကိုယ်တိုင်မလုပ်နိုင်တာ စတဲ့ အခက်အခဲတွေရှိရင် ကျွန်တော်တို့ SEOMyanmar မှာ SEO, SEM, Facebook Advertising, GDN & Remarketing, Youtube Advertising, Website Design & Development စတဲ့ Service အကုန်လုံးကို အာမခံချက်အပြည့်နဲ့ တစ်နေရာထဲမှာ One Stop Service ဝန်ဆောင်မှုပေးနေတဲ့အကြောင်း သတင်းကောင်းပေးချင်ပါတယ်။