04 Apr 2018
ယခုတလော ဖြစ်ပွားလျက်ရှိတဲ့ Facebook နဲ့ Cambridge Analytica တို့ရဲ့ ပြဿနာများအပြီးမှာ အသက် ၃၃ နှစ်သာရှိသေးသော Facebook ၏တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mark Zuckerberg အား တရားစွဲဆိုခဲ့ပါသည်။
တရားစွဲဆိုရခြင်းမှာ Facebook သုံးစွဲသူ သန်း ၅၀ ကျော်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ကိုယ်ကျိုးအတွက် အသုံးချမှုကြောင့်ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ Mark Zuckerberg က ပြန်လည်ရှင်းလင်းထားသည်မှာ ၂၀၁၅ တွင် Cambridge Analytica မှ အသုံးပြုသူများ၏ အချက်အလက်များကို ဖျက်သိမ်းမည်ဟု ပြောကြားချက်အား ယုံကြည်မိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
Cambridge Analytica သည် ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် Donald Trump အတွက် Campaign များ လုပ်ဆောင်ခဲ့ပြီး အခြားသော ကုမ္ပဏီမြောက်များစွာ၏ ဈေးကွက်ထိုးဖောက်မှုအတွက် အဆိုပါ User Data များကို အသုံးချခဲ့သည်ဟုဆိုသည်။
Mark Zuckerberg အနေဖြင့် မှားယွင်းမှုများအတွက် တောင်းပန်မှုများ ပြုလုပ်ခဲ့ရသည်။ သို့သော် Facebook အပေါ်စွပ်စွဲချက်များ ရှိနေသေးပေသည်။ အဆိုပါ User Data များမှာ များသောအားဖြင့် Facebook နှင့် ချိတ်ဆက်ထားသော App မှတဆင့် Permission ရယူထားခြင်းကြောင့် ဖြစ်သည်။
အဆိုပါ App အများစုမှာ Facebook Login, User Profile, Email, Phone Number အစရှိသော Data များကိုရယူရန် Permission တောင်းထားတတ်သည်။ ယခုနောက်ပိုင်းတွင်မူ အဆိုပါ App များအား စိစစ်တော့မည်ဖြစ်သည်။
Mark Zuckerberg ကမူ သုံးစွဲသူများရဲ့ ကိုယ်ရေးကိုယ်တာကို မထိန်းသိမ်းနိုင်လျှင် မိမိတို့ Facebook အနေဖြင့် ဝန်ဆောင်မှုပေးရန်ပင် မထိုက်တန်ကြောင်း ပြောကြားခဲ့ပြီး မိမိတို့ Policy များအတိုင်း သုံးစွဲသူများအား လုံခြုံမှုပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆိုသည်။ လက်ရှိမှာတော့ Mark Zuckerberg ဟာ အမေရိကန် ကယ်လီဖိုးနီးယားမှာ တရားစွဲဆိုခံထားရပါတယ်။
Ref: Mark Zuckerberg Facebook, Social Media Today