logo
myanmar
Facebook က Airlines တွေအတွက် Update တစ်ခုပြုလုပ်နေ

Facebook က Airlines တွေအတွက် Update တစ်ခုပြုလုပ်နေ

09 Sept 2018

Facebook ဟာ Airlines တွေအတွက် Travel Ads တစ်ခုဖြစ်တဲ့ ‘Flight Ads’ တစ်ခုကို Update တစ်ခုအနေနဲ့ပြုလုပ်နေပါတယ်။ ဒီတစ်ချက်ကတော့ လေယာဉ်ခရီးစဉ်ကို နှစ်သက်သဘောကျတဲ့ Audience တွေအတွက်လည်း ပိုမိုအဆင်ပြေစေပြီး လေယာဉ်လက်မှတ်ရောင်း Company တွေအတွက်လည်း ပိုမိုကောင်းမွန်တဲ့ရလဒ်ကောင်းတွေရရှိလာစေမှာပဲဖြစ်ပါတယ်။ ဒီ ‘Flight Ads’ ဟာ Audience ကို ခရီးသွားလာရေးအခြေခံတဲ့ Page တွေ၊ Website တွေနဲ့ App တွေဆီကိုညွှန်ပြပေးမှာဖြစ်တဲ့ အတွက် Audience နဲ့ ခရီးသွားလာရေး Company တွေအတွက်ပါ အကျိုးဖြစ်စေမဲ့ Ads လေးတစ်ခုဆိုလည်းမမှားပါဘူး။

အရင်က ဒီ ‘Flight Ads’ မရှိခဲ့တုန်းက Airlines Company တွေဟာ Audience ရွေးချယ်ရာမှာအခက်အခဲအနည်းငယ်ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ စစ်မှန်တဲ့ Audience ကိုပြန်လည် Re-target လုပ်ပြီး သေချာရွေးချယ်နိုင်မှာဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ရလာဒ်ကောင်းတွေကို ရရှိလာမှာဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲ

ဆိုရင်တော့ အရင်က Airline တွေဟာ Audience တွေချယ်တဲ့အခါမှာ ခရီးသွားလုပ်ငန်း Page တွေ၊ Website တွေ၊ App တွေကို စိတ်ဝင်စားတဲ့ Audience တွေကို လိုက်လံ Target ထားနေရပါတယ်။ ယခုအချိန်မှာတော့ Airline တွေဟာ ‘Flight Ads’ ကိုရရှိနေပြီဖြစ်တဲ့ အတွက် အရင်ကလိုမခက်ခဲတော့ပဲ စစ်မှန်တဲ့Audience ကိုလွယ်လွယ်ကူကူနဲ့ ရွေးချယ်နိုင်မှာဖြစ်တဲ့ အတွက် ဒီ Update လေးဟာ Airline တွေအတွက်အကျိုးရှိစေမဲ့ Update လေးတစ်ခုဖြစ်လာမယ်လို့ ယူဆနိုင်ပါတယ်။

Ref - socialmediatoday

Recent posts