logo
myanmar
Facebook Group Admin တွေအတွက်သတင်းကောင်း

Facebook Group Admin တွေအတွက်သတင်းကောင်း

23 Aug 2018

Facebook ရဲ့ အခုလာမယ့် Update ဟာအသေးစားဆိုပေမဲ့ ဒီ Update လေးဟာသင့်တော်တဲ့ Update တစ်ခုလည်းဖြစ်ပါတယ်။ ဘယ်လိုသင့်တော်လည်းဆိုရင် Facebook Group Admin တွေဟာ Post တွေမှာ ပေးထားတဲ့Comment တွေကို Pin လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်လေးက တော်တော်ကို အသုံးဝင်တဲ့ အချက်လေးဖြစ်မယ်လို့ ထင်ပါတယ်။ Facebook Group တွေရဲ့ Post တွေမှာ Best Comment ပဲဖြစ်ဖြစ်၊ ဗဟုသုတရစေတဲ့ Comment ပဲဖြစ်ဖြစ် မိမိရဲ့ Facebook Group အတွက်ကောင်းမွန်စေမဲ့ Comment မျိုးတွေကိုဆိုရင် Facebook Group Admin တွေဟာ Pin လုပ်ထားနိုင်မှာဖြစ်ပါတယ်။

အရင်ကဆို Post ကိုပဲ Facebook Group တွေမှာ Pin လုပ်နိုင်ပြီး အဲ့ဒီ Pin လုပ်ထားတဲ့ Post ကနေ Member တွေက သိလိုတာပဲဖြစ်ဖြစ်၊ Member တွေအတွက် အတုယူစရာပဲဖြစ်ဖြစ်ပြုလုပ်နိုင်တဲ့အတွက်မိမိရဲ့ Group ကို Engagement ပိုရစေပါတယ်။ အခုဆိုရင် Comment ကိုပါ Pin လုပ်နိုင်ပြီဖြစ်တဲ့အတွက်
မိမိရဲ့ Group အတွက်ပိုမိုကောင်းမွန်လာစေမဲ့ အချက်ကလေးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဆိုရင်တော့

Facebook Group Admin တွေဟာမိမိရဲ့ Group မှာကောင်းမွန်တဲ့ Comment၊ ဗဟုသုတရရှိစေတဲ့ Comment မျိုးတွေဆိုရင် Pin လုပ်ထားနိုင်ပြီဆိုတော့ Group အတွက်ကော Member တွေအတွက်ပါ
အကျိုးရှိမှာဖြစ်ပြီး မိမိ Group ရဲ့ Engagement ဟာဆိုရင်လည်း ပိုမိုကောင်းမွန်လာနိုင်မှာ ဖြစ်ပါတယ်။

Ref - socialmediatoday

Recent posts