
Facebook မှာ Reaction အသုံးပြုမှုမြင့်တက်
26 Jul 2018
2015 တုန်းက Launch လုပ်ခဲ့တဲ့ Facebook ရဲ့ Quick Response Reaction ဟာ Marketer တွေအတွက် တော်တော်လေးကို ထိရောက်ခဲ့ပါတယ်။ Marketer တွေဟာ Reaction တွေကိုကြည့်ပြီး Audience က ဘာကိုပိုစိတ်ဝင်စားလဲ၊ ဘယ်အရာတွေကို ပိုပြီးကြိုက်လဲ ဆိုတာကို ရွေးချယ်ပြုလုပ်နိုင်တဲ့အတွက် Marketer တွေအတွက် ထိရောက်ခဲ့တာပဲဖြစ်ပါတယ်။ နောက်တစ်နှစ်အကြာလောက်မှာတော့ Facebook ရဲ့ Report တွေအရ Reaction အလုပ်ပြုမှုဟာ စုစုပေါင်း 300 Billion ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာ Facebook ရဲ့ Reaction သုံးစွဲမှုဟာ ၁မိနစ်မှာ 4 Million ခန့်ရှိလာပြီး၊ (၁) လ မှာ တော့ 160 Million ဆီရှိလာခဲ့ပါတယ်။
ဒီ Reaction လေးတွေကို ကျယ်ပြန့်စွာလူသုံးများလာတဲ့နောက်ပိုင်းမှာ Audience ရဲ့ Engagement ရဖို့အတွက် ပိုမိုခန့်မှန်းသိရှိလာနိုင်ပါတယ်။ ဘယ် Audience က ဘာကိုကြိုက်တယ်၊ ဘယ်ဟာကို မကြိုက်ဘူးဆိုတာတွေကို သတိထားပြီး မိမိရဲ့ လုပ်ငန်းကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Angry Reaction ဟာ Love Reaction ကိုကျော်လွန်ပြီး ထိပ်ဆုံးကိုရောက်ရှိခဲ့ပါသေးတယ်။ ဒီလို Reaction တွေကိုသတိထားပြီး မိမိလုပ်ငန်းမှာ ရှောင်သင့်တဲ့ အချက်ကလေးတွေကိုလည်း သတိထားနိုင်ပါသေးတယ်။
Ref - socialmediatoday