Facebook က Snooze ဆိုတဲ့ Keyword ကို User တွေအတွက်ထည့်သွင်းခဲ့ပါတယ်။ ဒီ Keyword ဟာ User တွေရဲ့ Facebook News Feed မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ Page, Group တွေက Postတွေ၊ Spoilers တွေ၊ Annoying Content တွေ ကို ရက် (၃၀) ကြာ Snooze လုပ်ထားနိုင်မှာဖြစ်ပါတယ်။ User တွေစိတ်ချမ်းချမ်းသာသာနဲ့ အသုံးပြုနိုင်အောင် Facebook ကပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဒီ Toolဟာ Trolls, Abuse တွေကိုပေါ်မှာလည်းသက်ရောက်မှု ရှိခဲ့ပါတယ်။ ထိုနည်းတူလည်း Twitter နဲ့ Instagram မှာလည်း Digital Bullying တွေအပေါ်လျစ်လျူရှုနိုင်အောင် Mute Keyword ကိုထည့်သွင်းပေးထားပါတယ်။ ဒီအချက်တွေကိုထည့်သွင်းပေးလိုက်ခြင်းအားဖြင့် Social Media တွေပေါ်မှာ User ဟာသူတို့မကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေရှိလာခဲ့ရင် Snooze လုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် ဒီ Snooze Keyword လေးဟာ အသုံးဝင်တဲ့ Keyword လေးဖြစ်လာနိုင်ပါတယ်။
ဒီ Snooze Keyword လေးကိုဘယ်လိုအသုံးပြုရမလဲဆိုတာကတော့ Facebook News Feed မှာ ကိုယ် Snooze လုပ်ချင်တဲ့ Account/Page တွေရဲ့ ညာဘက်မှာအစက်လေးသုံးစက်ရှိပါတယ်။ အဲ့အစက်လေးသုံးစက်ကိုနှိပ်လိုက်ရင်ကိုယ် Snooze လုပ်ချင်တဲ့သူကို ရက် (၃၀) Snooze လုပ်ထားနိုင်ပါတယ်၊ မှားပြီးSnooze လုပ်မိရင်လည်း Undo ပြန်လုပ်လို့ရတဲ့ Button လေးပါပါတယ်။
Ref – socialmediatoday