27 Jun 2019
စမ်းသပ်မှုတွေ အမြဲတမ်းနီးပါး ပြုလုပ်နေတဲ့ Facebook ဟာ ယခုအချိန်မှာဆိုရင် Mute Notification ဆိုတဲ့ Option အသစ်တစ်ခုကို ထပ်မံစမ်းသပ်နေပါတယ်။ ဒီစမ်းသပ်ချက်ရဲ့ ရည်ရွယ်ချက်ကို ပြောရမယ်ဆိုရင် အေးအေးဆေးဆေး အလုပ်လုပ်ကိုင်လိုတဲ့ User တွေ၊ Mobile Game အများအပြားဆော့တဲ့ လူငယ် User တွေအတွက် ရည်ရွယ်ပြီး စမ်းသပ်နေတယ်လို့ ယူဆနိုင်ပါတယ်။ အခုလက်ရှိ အချိန်မှာ Notification Off ဖို့ဆိုရင် Manual လိုက်ပိတ်ရပါတယ်။ Notification တွေကို ပိတ်ထားနိုင်ပေးမယ့် Notification Dot ကိုတော့ ဖျောက်လို့မရပါဘူး။
ဒီအချက်က သာမန် User တွေအတွက် သိပ်ပြီး အလုပ်မရှုပ်စေပေမယ့် Social Media ပိုင်း အထူးသဖြင့် Facebook Platform ကိုအဓိကထားပြီး အလုပ်လုပ်ကိုင်နေတဲ့ သူတွေအတွက် မလိုအပ်တဲ့ နေရာတွေက Notification တွေလာဝင်နေတာတွေ ရှိပါတယ်။ Notification လောက်နဲ့ဘာတွေ ထိခိုက်သွားနိုင်လဲဆိုတဲ့မေးခွန်းတွေ အတွက်ကတော့…အရေးကြီးတဲ့ Campaign တွေကို တာဝန်ယူထားရတဲ့ သူတစ်ယောက်ဟာ Notification Dot တွေကိုပါ အထူးဂရုစိုက်ရပါတယ်။ မလိုအပ်တဲ့ Notification Dot တွေနဲ့ အရေးကြီးတဲ့ Notification Dot တွေရောပြီး မစစ်မိတဲ့ အဖြစ်မျိုးတွေ ဖြစ်တတ်ပါတယ်။ သာမန် User တွေအတွက်လည်း ဒီ Notification Red Dot တွေက စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။
ဒီ Option အသစ်ရဲ့ ပုံစံကိုတော့ အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်…
ပုံထဲကအတိုင်းဆိုရင်တော့ Notification Dot ဆို ဘယ် Red Dot ကိုမဆို ဖျောက်ထားနိုင်မယ့် Option မျိုးကို တွေ့ရပါတယ်။ ဒီစမ်းသပ်နေတဲ့ Option ကတော့ Mobile Game တွေဆော့ရတာ နှစ်သက်တဲ့သူတွေ၊ Notification ဝင်တာကို မနှစ်သက်တဲ့ သူတွေအတွက် အဆင်ပြေသွားစေမယ့် စမ်းသပ်မှုလို့လည်း ပြောနိုင်ပါတယ်။