
Digital Marketing ကိုလုပ်ငန်းအတွက် အသုံးပြုနေတယ်ဆိုရင်တော့ Trend ကိုအမှီလိုက်ဖို့လိုအပ်ပါတယ်။ နောက်ကောက်ကျနေတဲ့ နည်းလမ်းတွေကို ပုံမှန်သုံးနေမယ်ဆိုရင်တော့ လုပ်ငန်းက အောင်မြင်သင့်သလောက်မအောင်မြင်ပဲနဲ့ ရပ်တန့်နေတတ်ပါတယ်။ ဒါကြောင့် Trend ကိုအမှီလိုက်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်စေဖို့အတွက် 2019 Digital Marketing Trend အချို့ကို ဝေမျှပေးချင်ပါတယ်…
-ဒီတစ်ချက်ကတော့ သင့်ရဲ့ Product တွေကို Video နဲ့ Marketing လုပ်မယ်ဆိုရင် ၁၀စက္ကန့်ထက်မကျော်စေ အောင်လုပ်ရမှာပါ။ Audience ကလဲ ၁၀စက္ကန့်ထက်ကြာတဲ့ Video မျိုးတွေကို ကျော်သွားတဲ့ အရေအတွက် ကပိုများပါတယ်။
-သင့်ရဲ့ Audience တွေနဲ့ ၂၄နာရီလုံးလုံး Communicate ပြုလုပ်ချင်တယ်ဆိုရင် တော့ Chatbots တွေကို စနစ်တကျအသုံးပြုပေးဖို့ လိုအပ်ပါတယ်။
-Influencer တွေနဲ့ Marketing လုပ်ပါ။ ဒီအချက်ကလည်း တချို့လုပ်ငန်းတွေရဲ့ Product တွေဟာ Influencer တွေနဲ့ ကြော်ငြာမှာ ပိုမိုထိရောက်မှု ရှိတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ Follower များတဲ့ Social Influencer တွေနဲ့ ကြော်ငြာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။
-Promotion ကိုရာသီပွဲတော်တွေအလိုက်ပြုလုပ်ပေးပါ။ Promotion ကတော့ Audience ရဲ့ Engagement အကောင်းရယူနိုင်တဲ့ Marketing နည်းလမ်းဖြစ်တဲ့ အတွက်ကြောင့် Promotion တွေပြုလုပ်ပေးဖို့ တော့လိုအပ်ပါတယ်။
-Social Media ပေါ်မှာသင့်ရဲ့ Product တွေအကြောင်းကို သေသေချာချာ Live Video ပြုလုပ်ပေးခြင်းကလဲ Audience Engagement ကိုရယူနိုင်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ 2019 မှာ အသုံးပြုမှုများပြားနေတဲ့ Digital Marketing Trend တွေဖြစ်တဲ့
အတွက် မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေမှာ အသုံးဝင်လာမယ့် အချက်တွေလို့လဲ မျှော်လင့်ပါတယ်။