မကြာသေးမီက Google မှ အချို့ Stock Photo များတွင် “View Image” နှိပ်နိုင်သော Button အား ဖယ်ရှားခဲ့သည်။ အကြောင်းမှာ လူတိုင်းလိုလို High Quality Stock Photo များအား အခ မပေးဘဲယူ၍ အသုံးချနေခြင်းကြောင့်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းတိုင်းလိုလို Photography နှင့် ဝေးကွာ၍မရပေ။ Google မှ ရှာဖွေ၍ ဆက်စပ်သော Photo များအား လုပ်ငန်းတွင် အသုံးပြုနေရသည်။ Free ပေးသော ပုံများမှာမူ တရားဝင်အသုံးပြုခွင့် ရပါသည်။ ထို့ကြောင့် ခွင့်မတောင်းဘဲ စီးပွားဖြစ် ပြန်လည်အသုံးပြုခွင့်၊ တည်းဖြတ် ပြင်ဆင်ခွင့် အခမဲ့ရရှိနိုင်သော Photography Website များကို စုစည်းတင်ပြလိုက်ပါသည်။
StockSnap.io မှာ လှပသော အခမဲ့ Stock ဓါတ်ပုံများနှင့် high resolution ပုံများရွေးချယ်ရေး ရရှိနိုင်ပါတယ်။ ထောင်ပေါင်းများစွာသောပုံများကို လွယ်ကူစွာရှာဖွေ ရရှိနိုင်ပါသည်။
ဓါတ်ပုံစုဆောင်းခြင်း နှင့် Stock ပုံရိပ်တွေများအတွက် အကောင်းဆုံး သတင်းရင်းမြစ် တစ်ခုဖြစ်သည်။ ဓါတ်ပုံများအား အခမဲ့ဖြန့်ချီ လျက်ရှိပါသည်။
လှပသေသေသပ်သော ပုံရိပ်များနှင့် Video များကို အခမဲ့ ရယူနိုင်သော Website ဖြစ်သည်။
အသုံးဝင်ဓာတ်ပုံ မြောက်များစွာရှိသော Website တစ်ခုဖြစ်သည်။ လုပ်ငန်းရှင်များအတွက် ဓါတ်ပုံများအား Creative Commons CC0 လိုင်စင်ဖြင့် အခမဲ့ဖြန့်ချီ လျက်ရှိပါသည်။
High Quality ဓာတ်ပုံများကို အခမဲ့ ဖြန့်ဝေသော Website ဖြစ်ပြီး Edit, Share ကြိုက်သလို လုပ်နိုင်ပါသည်။
ဒီ Website လေးကတော့ လှပတဲ့ အစားအသောက်ဓာတ်ပုံများကို ထောင်ပေါင်းများစွာ ထည့်ပေးထားပါသည်။
Ryan McGuire of Bells Design ရဲ့ အံ့ဖွယ် ဒီဇိုင်းများကို အခမဲ့ အသုံးပြုခွင့်ပေးတဲ့ Website ဖြစ်ပါသည်။
အသုံးဝင်လှသော ဓာတ်ပုံများကို အမျိုးအစားအလိုက် စနစ်တကျဖွဲ့စည်းထားသော Website ကောင်း တစ်ခုဖြစ်သည်။
ကိုယ်ရေးကိုယ်တာ နှင့် စီးပွားရေး လုပ်ငန်းများအတွက် အခမဲ့အသုံးပြုခွင့်ပေးသော Website ဖြစ်သည်။
Dave Meier နှင့်အခြားသော ဓာတ်ပုံပညာရှင်များ၏ လှပသော ဓာတ်ပုံများအား အခမဲ့အသုံးပြုနိုင်သော Website ဖြစ်သည်။
Website, themes, templates, projects နှင့် Social Media များအတွက် ကောင်းမွန်သော ဓာတ်ပုံများ ရရှိနိုင်သော Website ဖြစ်သည်။
Vintage photo အမျိုးအစားများကို စုံလင်စွာ ရရှိနိုင်သော Website ဖြစ်သည်။
Ref: ADN-Karma, SnappaBlog