မကြာသေးခင်ကထွက်ရှိခဲ့တဲ့ Samsung Note Series တစ်ခုဖြစ်တဲ့ Samsung Galaxy Note 9 ရဲ့ Specification လေးတွေကိုဖော်ပြပေးချင်ပါတယ်။ အရမ်းမိုက်တဲ့ အချက်လေးတစ်ချက်ကတော့ S Pen လေးပဲဖြစ်ပါတယ်…S Pen လေးနဲ့ Control လုပ်ပြီး Camera ကိုထိန်းချုပ်နိုင်ပြီး အခြားသော Function တွေကိုလည်းထိန်းချုပ်နိုင်အုံးမှာလည်းဖြစ်ပါတယ်။ ကဲကဲဒီတော့ Samsung Galaxy Note 9 လေးရဲ့ Specification လေးကိုလည်းဖော်ပြပေးပါမယ်…
Processor
Samsung Galaxy Note 9 ရဲ့ Chipset ကို Exynos 9810 Octa – EMEA Qualcomm SDM845 Snapdragon 845 – USA/LATAM, China ကိုသုံးထားပြီး CPU ကိုတော့ Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) – USA/LATAM, China အသုံးပြုပေးထားပါတယ်။ GPU ကလည်း Adreno 630 – USA/LATAM, China ကိုသုံးပေးထားတာဆိုတော့ Game ဆော့တတ်တဲ့ မိတ်ဆွေတွေအတွက်လည်း သင့်တော်ပါတယ်။
Display
Display ပိုင်းမှာဆိုရင်တော့ Super AMOLED capacitive touchscreen, 16M colors. Resolution 1440 x 2960 pixels, 18.5:9 ratio (~516 ppi density) နဲ့ဖွဲ့စည်းထားပြီး Screen Size ကတော့ 6.4 inches, 103.2 cm2 (~83.4% screen-to-body ratio) ဆိုတော့ Screen မျက်နှာပြင်ကျယ်ကျယ် ကြိုက်တဲ့ မိတ်ဆွေတွေအတွက်တော့ အဆင်ပြေမှာပါ။
Camera
Samsung Galaxy Note 9 ရဲ့ Camera ကလည်း တော်တော်လေးကိုမိုက်လာပါတယ်။ Main Camera က Dual Camera ကို 12 MP, f/1.5-2.4, 26mm, 1/2.55″, 1.4µm, dual pixel PDAF, OIS 12 MP, f/2.4, 52mm, 1/3.4″, 1µm, AF, OIS, 2x optical zoom အသုံးပြုထားပြီး Feature တွေအနေနဲ့က LED flash, auto-HDR, panorama ပါဝင်တယ်။ Selfie Camera မှာဆိုရင်လည်း Single Camera ကို 8 MP, f/1.7, 25mm, 1/3.6″, 1.22µm, AF အသုံးပြုထားပြီး Feature တွေအနေနဲ့ကတော့ Dual video call, Auto-HDR ပါဝင်ပါတယ်။ Video ရိုက်တာဝါသနာပါတဲ့ မိတ်ဆွေတွေအတွက်တော့ Main Camera မှာ 2160p@60fps, 1080p@240fps, 720p@960fps, HDR, dual-video rec. နဲ့ဆိုတော့ တော်တော်လန်းလန်းကို ရိုက်ကူးနိုင်ပါတယ်။ Selfie Camera မှာဆိုရင်လည်း 1440p@30fps နဲ့ဆိုတော့ အေးအေးဆေးဆေး ရိုက်ကူးနိုင်ပါတယ်။
Memory
Samsung Galaxy Note 9 ရဲ့ Internal Memory ကတော့ 128 GBနဲ့ 512 GB နှစ်မျိုးရှိပြီး External Memory အနေနဲ့ 1TB တောင်သုံးလို့ရတယ်ဆိုတော့ အကြိုက်သုံးနိုင်ပြီပေါ့။ RAM ကလည်း 8 GB ဆိုတော့ သုံးရတော့ တော်တော်လေးကောင်းမှာပါ။
Operating System
Samsung Galaxy Note 9 ရဲ့ Operating System ကိုတော့ Android 8.1(Oreo) ကိုအသုံးပြုထားပါ တယ်။
Sensor
Sensor တွေကတော့ Iris scanner, fingerprint (rear-mounted), accelerometer, gyro, proximity, compass, barometer, heart rate, SpO2 တွေပါဝင်ပါတယ်။ Fingerprint Sensor လေးတော့နေရာပြောင်းသွားပါတယ်၊ အရင်က Camera တွေနဲ့ဘေးတိုက်အနေအထားရှိနေခဲ့ပြီး ဒီ Samsung Galaxy Note 9 မှာတော့ Fingerprint Sensor လေးက Camera တွေရဲ့အောက်ဖက်ကိုရောက်ရှိသွားပါပြီ။
Battery
Battery အနေနဲ့လည်းပြောင်းလဲမှုတစ်ခုကတော့ အရင်တုန်းက Samsung Galaxy Note 8 မှာ Non-removable Li-Ion 3300 mAh သာသုံးခဲ့ပေမဲ့ အခု Samsung Galaxy Note 9 မှာတော့ Non-removable Li-Ion 4000 mAh ကိုအသုံးပြုပေးထားပြီဆိုတော့ Battery ပိုင်းကလည်း ပိုမိုက်လာပါပြီ။
Color
Samsung Galaxy Note 9 ရဲ့ Color မှာဆိုရင် အရမ်းမိုက်တဲ့ Metallic copper, Lavender purple, Ocean blue, Midnight black တွေဖြစ်တဲ့ အတွက်မိတ်ဆွေတို့ ကြိုက်နှစ်သက်ရာအရောင်ကို စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါတယ်။
Price
စျေးနှုန်းအနေနဲ့ တော့ (၁၀) သိန်းကျော်ဝန်းကျင်မှာရှိပါတယ်။ အကောင်းစားနောက်ဆုံးပေါ်ဖုန်းတွေ ကိုမှကိုင်ချင်တယ်ဆိုတဲ့ မိတ်ဆွေအတွက်ကတော့ ဒီ Samsung Galaxy Note 9 က အကောင်းဆုံးဖြစ်မှာပါ။
Ref – gsmarena