26 Aug 2019
Unicode စနစ်ကို ပြောင်းလဲအသုံးပြုရတော့မယ် အချိန်မှာ အင်တာနက်သုံးစွဲသူတွေ အတွက်လည်း အသုံးဝင်လာမယ့် Google ကပြုလုပ်ထားတဲ့ Keyboard အကြောင်းကို ဖော်ပြပေးသွားပါမယ်။
ဒီ Keyboard ကို Google က iOS အတွက် May 2016 မှာ Release လုပ်ခဲ့ပြီး Android အတွက်ကို June 2016 မှာ Release လုပ်ခဲ့ပါတယ်။ ဒီ Keyboard ကို Google Keyboard လို့အလွယ်ခေါ်ကြပေမယ့် တကယ့်နာမည်ကတော့ Gboard ပဲဖြစ်ပါတယ်။
ဒီ Keyboard ထဲမှာဆိုရင် ဘာသာစကား ၁၀၀ ကျော်ကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒီအချက်က မိတ်ဆွေ ကြိုက်တဲ့ ဘာသာစကားတွေကို Keyboard တစ်ခုထဲမှာပဲ လုပ်ဆောင်သွားနိုင်ပါတယ်။ Setting ထဲမှာ ဆိုရင်လည်း Show Language Key ကို Enable လုပ်ထားရုံပါပဲ။ Enter ကိုနည်းနည်း ဖိထားလိုက်တာနဲ့ Symbol တွေကို အသုံးပြုနိုင်ပါတယ်။
Google Translate ကိုပါ တစ်ခါထဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် စာသိပ်မရေးချင်တဲ့ သူတွေအတွက်ကတော့ ကွက်တိပဲပေါ့။ အခုချိန်မှာတော့ Gboard မှာတဲ့ Google Translator မြန်မာလိုပါ ပြောလို့ရနေပါပြီး Output ကတော့ Unicode နဲ့ထွက်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Android Device တွေမှာပဲ မြန်မာလို ပြောလို့ရသေးတာပဲ ဖြစ်ပါတယ်။ iOS Device တွေအတွက်လည်း မကြာခင်မှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် Android Device တွေလည်း Android Version 7 နဲ့အထက် ရှိဖို့ လိုပါတယ်။
ပျင်းနေတဲ့ အချိန်တွေမှာ Gboard မှာ စကားထိုင်ပြောနေလို့လည်း ရပါသေးတယ်။ Gboard က Unicode စနစ်နဲ့ လိုက်ဖက်လာမယ့် Keyboard တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒီ Gboard က နောက်ပိုင်းထွက်တဲ့ ဖုန်းတွေမှာ Default အနေနဲ့ပါဝင်လာတတ်ပါတယ်။ မပါလာလို့ Download ပြုလုပ်ချင်တယ် ဆိုရင် Google Play Store နဲ့ App Store တို့မှာ Free Download လုပ်ပြီး သုံးနိုင်ပါတယ်။