01 Nov 2018
ယခုတစ်ခေါက်ဖော်ပြပေးမှာကတော့ iOS Device တွေမှာ Gmail အသုံးပြုတဲ့ User တွေအတွက်သတင်းကောင်းလို့ ပြောလို့ရတဲ့ Update လေးအကြောင်းပဲဖြစ်ပါတယ်။ ဒီ Update လေးကတော့ဝင်လာသမျှ Gmail မှန်သမျှကို Single Screen တစ်ခုဖြစ်တဲ့ All Inboxes ဆိုတဲ့ Option ထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဆိုလိုချင်တဲ့သဘောက ကိုယ့်မှာရှိတဲ့ Gmail Account တွေဆီကို Mail ဝင်မဝင်သိချင်တယ်ဆိုရင် Account ပြောင်းပြီးကြည့်၊ ဒါမှမဟုတ် Account တွေအကုန်လုံးကို ဝင်ထားမှသိရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီပြဿနာကို Android User တွေအတွက်ကတော့ 2015 ခုနှစ်ထဲက ဖြေရှင်းပေးပြီးသားဖြစ်ပါတယ်။ ဒီတော့ Gmail ကိုအဓိကထားပြီးအသုံးပြုလုပ်ကိုင်နေတဲ့သူတွေအတွက်ကတော့ အလုပ်လုပ်ရာမှာ မြန်ဆန်လွယ်ကူလာစေမှာဖြစ်ပါတယ်။ ဝင်လာသမျှ Mail တွေကို All Inboxes ဆိုတဲ့ Option လေးတစ်ခုထဲမှာပဲ ကြည့်နိုင်မှာဖြစ်တဲ့ အတွက် တော်တော်လေးကို အဆင်ပြေစေမဲ့ Update
လေးလို့လည်း ပြောလို့ရပါတယ်။ ဒီ Update လေးကတော့ ဒီရက်ပိုင်းမှာထွက်ရှိလာမယ်လို့လည်းသိရှိရပါတယ်။