Google Myanmar
15 Mar 2014
Search Engine ဆိုတာကတော့ အခြေခံအားဖြင့် များပြားလှစွာသော သတင်းအချက်အလက် Database တွေထဲက Website တွေနဲ့ရလာဒ် တွေကို ရှာဖွေမှုစကားလုံး၊ စကားစု (Keyword/Keyphrase) ပေါ်မူတည်ပြီး စက္ကန့် ပိုင်းအတွင်း ခွဲခြမ်းစိတ်ဖြာရှာဖွေပေးနိုင်တဲ့ ပရိုဂရမ် Program တစ်ခုပါပဲ။
ကျနော်တို့မြန်မာနိုင်ငံအင်တာနက်သုံးသူအချို့မှာ Search Engine နဲ့ Facebook မကွဲပြားတာကိုတွေ့ရပါတယ်။ Facebook Website ထဲက Search Function ဟာ Facebook Network ထဲမှာရှိတဲ့ User တွေနဲ့Fan Page တွေကိုသာအဓိကရှာဖွေပေးနိုင်ပြီး သူရဲ့ Database မှာမရှိတော့ရင်တော့ Partner ဖြစ်တဲ့ Microsoft ရဲ့ Bing Search Engine ကိုသုံးပြီးရှာဖွေပါတယ်။
၂၀၁၃ ခုနှစ်ဇူလိုင်လရဲ့ ထုတ်ပြန်ချက်အရ Google ဟာကမ္ဘာ့ Search Engine Share ၆၇% ပိုင်ဆိုင်ပြီး၊ Bing ၁၇.၉% နဲ့Yahoo က ၁၁.၃% ပိုင်ဆိုင်ပါတယ်။
Facebook ဟာ အင်မတန်မှအောင်မြင်လှတဲ့ Social Networking Website တစ်ခုသာဖြစ်ပါတယ်။ Search Engine မဟုတ်ပါဘူး။