logo
myanmar
ဂူးဂဲ(လ်)ရဲ့ လျှို့ဝှက်ကုဒ်များ

ဂူးဂဲ(လ်)ရဲ့ လျှို့ဝှက်ကုဒ်များ

06 Oct 2014

မိတ်ဆွေများ ဂူးဂဲ(လ်)ကို နေ့စဉ်သုံးနေကြပေမဲ့၊ ဂူးဂဲ(လ်) ရဲ့ Fun Code လျှို့ဝှက်ချက်တွေကို သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ အလုပ်လုပ်ရင်း ပင်ပန်းလာတဲ့အခါ၊ သူငယ်ချင်းတွေအချင်းချင်း မသိသေးသူကို စချင်နောက်ချင်တဲ့အခါ အပျော်ဆော့လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

Let me google that for you

Google ဟာ ကမ္ဘာကြီးမှာရှိရှိသမျှ သတင်းအချက်အလက်တွေကို စုစောင်းထားတဲ့ ဒေတာဘဏ်ကြီးပါ။ သူငယ်ချင်း မိတ်ဆွေတစ်ဦးတစ်ယောက်က ခင်ဗျားကို ဆရာတင်ပြီး ဟိုဟာဘယ်လိုလုပ်ရလဲ၊ ဒီဟာ ဘယ်လိုလုပ်ရမလဲမေးလာရင်၊ Google သုံးနေတဲ့ခင်ဗျားက …

  • www.lmgtfy.com (Let Me Google That For You) ကိုသွားပါ။

Google Myanmar

  • သူသိလိုတဲ့ အကြောင်းအရာကို Search မှာရိုက်ထဲ့ရှာပါ။
  • ရလာတဲ့ လင့်(ခ်)ကို ကော်ပီကူးပြီး မေးတဲ့သူဆီ ပို ့လိုက်ပါ။ အဲဒါသူသိချင်နေတဲ့ အချက်အလက်ပါပဲ။ :D

အဲဒီလင့်(ခ်)ကို သူကနှိပ်လိုက်တဲ့အခါ ဒီလိုမြင်ရပါလိမ့်မယ်။

Tricks

စိတ်ဝင်စားစရာ Search Term (စကားစု) များကိုတစ်ခုချင်း Google Search မှာရိုက်ထည့် စမ်းကြည့်ကြပါ။ နောက်ထက် အများကြီးကျန်ပါသေးတယ်။ အလျင်းသင့်ရင် သင့်သလိုတင်ပေးပါမယ်။ ဂူးဂဲ(လ်)သုံးရင်း အားလုံး ပျော်ရွှင်ပါစေ။

၁) do a barrel roll

၂) tilt

၃) blink html

၄) zerg rush

- SEOMyanmar

Recent posts