
Content တွေရေးတာပဲဖြစ်ဖြစ် Email ပို့တာ Report ရေးတာ စသဖြင့်လုပ်ငန်းခွင်မှာရော တခြား Writing ပိုင်းရေးသားတဲ့ သူတွေ အထူးသဖြင့် English စာရေးရတဲ့ သူတွေမှာ တခါတလေ Grammar အမှားတွေ၊ Spelling အမှားတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခက်အခဲတွေကို တစ်ခုချင်းလိုက်ရှာပြီး စစ်ဆေးနေဖို့ ဆိုရင် အချိန်ပိုတွေကို ပေးရမှာ ဖြစ်တဲ့ အတွက် အချိန်ကုန်သက်သာပြီးလွယ်ကူလျင်မြန်အောင်ဖြေရှင်းပေးမဲ့ Grammar Checker Tools 3 ခုကို ဖော်ပြပေးသွားပါမယ်…
1. Ginger Grammar Checker
ဒီ Grammar Checker ကတော့ Blogger တွေနဲ့ Content Writer တွေအသုံးများဆုံး နဲ့ အကောင်းဆုံး Grammar Checker တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Tool ကတော့ သင့်ရဲ့ Writing နဲ့ Grammar Skill ကို အချိန်မကုန်စေပဲ ကျွမ်းကျင်လာအောင် ကူညီပေးသွားနိုင်ပါတယ်။ Ginger Grammar Checker ရဲ့ အားသာချက် တစ်ခုကတော့ သင်ရေးလိုက်တဲ့ Sentence Structure ပိုကောင်းလာတဲ့ အရေးအသားရေးနိုင်ဖို့ Highlight လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ အကောင်းဆုံး Free Tool လည်းဖြစ်တဲ့ အတွက် ခက်ခက်ခဲခဲ တွေ လုပ်စရာမလိုပဲ အသုံးပြုနိုင်ပါတယ်။ Chrome Browser သုံးတဲ့ သူတွေဆိုရင် Extension ပါထည့်ထား နိုင်ပါတယ်။
2. Grammarly
Grammarly ဆိုတဲ့ Grammar Checker က အကောင်းဆုံးနဲ့ Rating အများဆုံး Tool တစ်ခုဖြစ်ပြီး၊ လူသုံးများတဲ့ Tool တစ်ခုလည်း ဖြစ်ပါတယ်။ Grammarly က Mobile, Desktop နဲ့ Chrome Extension တွေအတွက် ထုတ်ထားပါတယ်။ ဒီ Tool ရဲ့အားသာချက်က Social Media Post တွေ၊ Blog Post တွေမှာ ရေးသမျှ စာလုံးတွေမှာ Spelling မှားတာတွေ၊ Grammar အမှားတွေကို Highlight လုပ်ပေးသွားတာ ပဲဖြစ်ပါတယ်။ Grammarly Chrome Extension မှာဆိုရင် Sentence Structure ကို ပိုပြီး ပြည့်စုံအောင် Highlight လုပ် ပေးတဲ့ Function ပါဝင်ပါတယ်။ နောက်ထပ် အသုံးဝင်တဲ့ အချက်တစ်ချက်က Plagiarism ပါ Check နိုင်တာပဲ ဖြစ်ပါတယ်။
3. After The Deadline
သင်က Blog Writer တစ်ယောက် ဆိုရင် ဒီ After The Deadline ဆိုတဲ့ Grammar Checking Tool ကအကောင်းဆုံး မိတ်ဆွေဖြစ်လာ နိုင်ပါတယ်။ ဒီ Tool က Spelling, Grammar အမှားတွေကို စစ်ပေးတာတင်မဟုတ်ပဲ စာလုံးတစ်လုံးချင်းဆီကိုလည်း အဓိပ္ပါယ်ကို Analyzes လုပ်ပေးနိုင်တဲ့ Function ပါတဲ့ အတွက် အမှားကင်းပြီး ပြီးပြည့်စုံတဲ့ Blog Post တွေကို ဖန်တီးနိုင်မယ့် Tool တစ်ခုလို့ ပြောနိုင်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ Grammar Checker Tool တွေဟာ လုပ်ငန်းခွင်မှာအသုံးများဆုံးGrammar Checker Tool တွေ ဖြစ်တဲ့အတွက် မိတ်ဆွေတို့ အတွက် အဆင်ပြေတဲ့ အကောင်းဆုံး Tool တွေရှိခဲ့ရင်လည်း ပြန်ဝေမျှသွားခဲ့ပါအုံး။