
ရာသီအကူးအပြောင်းကာလတွေမှာ မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာနေဖို့လိုအပ်ပါတယ်။ အခုခေတ်မှာက နည်းပညာတွေတိုးတက်လာနဲ့ အမျှ လူနေမှုပုံစံတွေအတွက် အကျိုးပြုစေတဲ့ Software တွေ Application တွေအများကြီး ထက်ပေါ်နေပါပြီ။ ဒီတစ်ခါမှာတော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေကို ကောင်းကောင်း Manage လုပ်နိုင်ပြီး သတ်မှတ်ထားတဲ့ အချိန်တွေမှာ လေ့ကျင့်ခန်းလုပ်နိုင်မယ့် Application တွေကို ဖော်ပြသွားပါမယ်။ ဖော်ပြမယ့် App တွေကတော့ Android Device တွေမှာပဲ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ကဲဘာ App တွေဖြစ်မလဲဆိုတာကို အောက်မှာကြည့်ရှုပေးပါ…
ဒီ App တွေက Google Play Store မှာ Rating ကောင်းကောင်းရရှိထားတဲ့ Exercise App တစ်ခုထဲမှာ ပါဝင်ပါတယ်။ သင်ဟာ ဝိတ်ချဖို့ ရည်ရွယ်ချက်ရှိတဲ့သူတစ်ယောက်ဆိုရင် ဒီ App ကိုစမ်းသပ် အသုံးကြည့်ဖို့ အကြံပြုပါရစေ။ ဒီ App ထဲမှာ abs, chest, thighs, and legs နဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။
Pocket Yoga ကတော့ Android Device တွေအတွက် အကောင်းဆုံး Health & Fitness App တစ်ခု ထဲမှာပါဝင်ပါတယ်။ ဒီ App ကတော့ အလားတူ App တွေအအများကြီးရှိတဲ့ အထဲမှာမှ ရိုးရိုးရှင်းရှင်းနဲ့ အသုံးပြုရတာ လွယ်ကူပါတယ်။ Yoga Exercise တွေကို သက်ဆိုင်ရာ Session အလိုက်ခွဲထားပေးတဲ့ အတွက် စနစ်တကျ အသုံးပြုနိုင်မယ့် App တစ်ခုလည်း ဖြစ်ပါတယ်။
ဒီ App လေးကတော့ တစ်နေ့တာ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝအောင် သတိပေး ပေးမယ့် App လေးတစ်ခု ဖြစ်ပါတယ်။ ရေဓာတ်နည်းတဲ့ အခါတွေမှာ လူ့ကျန်းမာရေးကို ထိခိုက်စေသလို အသားအရေမကြည်မလင်တာတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီ App ကိုအသုံးပြုပါများလာမယ်ဆိုရင် Self-Improvement ပါပိုမိုပြီး ကောင်းမွန်လာစေနိုင်တဲ့ App လို့တောင် ပြောနေပါတယ်။
ဒီ App တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို အတွက် လေ့ကျင့်ခန်းတွေပုံမှန် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။