05 Mar 2021
Instant messaging app တွေထဲမှာ နာမည်ကြီး App တစ်ခုဖြစ်တဲ့ WhatsApp ကတော့ Feature တွေ စုံစုံလင်လင် ထွက်ရှိထားပါတယ်။ WhatsApp ကိုကြိုက်တဲ့ Audience တွေကလည်း ဆန်းသစ်တဲ့ Feature တွေကြောင့် WhatsApp ကို စွဲစွဲမြဲမြဲ သုံးနေကြတာကို တွေ့ရပါတယ်။ အခုဆိုရင်လည်း အမိုက်စား Feature တွေကို ထပ်မံ Update ပေးပြီးသွားပါပြီ။ ဘာတွေလဲဆိုရင်တော့...
“WhatsApp from Facebook” tag
ဒီအချက်က Feature တစ်ခုမဟုတ်ပေမယ့် WhatsApp နဲ့ Facebook တို့ကြားမှာ Update လုပ်ထားတာလို့ သိရှိရပါတယ်။ Facebook အနေနဲ့လည်း Product နဲ့ Service တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ချင်တဲ့ သဘောကို တွေ့ရပါတယ်။ ဒီ Tag ကိုတော့ WhatsApp ရဲ့ Setting ထဲမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။
Multi-platform support
WhatsApp ကိုလူသုံးပိုများလာနိုင်ချေရှိတဲ့ Feature တစ်ခုလို့ ပြောရမယ်ဆိုရင် ဒီ Multi-platform ကို Support ပေးလိုက်တဲ့ Feature ကြောင့်ဖြစ်ပါတယ်။ ဒီ Feature အသစ်မှာက Device မျိုးစုံမှာ တစ်ချိန်ထဲသုံးထားနိုင်မှာဖြစ်ပါတယ်။ Cross Device တွေမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့ အတွက် Android နဲ့ iOS Device တွေထဲမှာပါ မိတ်ဆွေရဲ့ Account ကိုထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Group Invitation
ဒီ Feature ကတော့ သင်က WhatsApp ကိုသုံးနေတဲ့ အချိန်မှာ Group Invite တွေ တစ်ခါတစ်ရံမှာ ရောက်လာတတ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဆိုရင် Invite လာလုပ်တဲ့ Group တွေကို Block တဲ့ Option တွေမရှိသေးပါဘူး။ အခုလာမယ့် Feature အသစ် ဖြစ်တဲ့ Group Invitation မှာဆိုရင် User တွေအနေနဲ့ In-app Privacy တွေကို ဝင်ချိန်းနိုင်မယ့် Group Setting တွေပါလာပါပြီ။ ‘Nobody’, ‘Everyone’ နဲ့ ‘My Contacts’ ဆိုပြီး ရွေးချယ်နိုင်ပါပြီ။ ‘Nobody’ ဆိုတာကို ရွေးချယ်ထားမယ်ဆိုရင်တော့ သင့်ကို ဘယ် Group တွေကမှ လာပြီး Invite လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။
Dark Mode
Tech News တွေနဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ဆိုရင် WhatsApp ရဲ့ Dark Mode ကိုပြင်ဆင်နေတဲ့ သတင်းကို သိရှိထားမှာပါ။ ယခုအချိန်မှာဆိုရင်တော့ ဒီ Dark Mode Feature က User တွေစောင့်မျှော်နေတဲ့ Feature တစ်ခုလည်း ဖြစ်ပါတယ်။ YouTube, Facebook, Twitter တွေမှာ Dark Mode သုံးနေကြတဲ့ အချိန်တုန်းက WhatsApp မှာ Dark Mode သုံးမရလို့ စိတ်ညစ်နေတဲ့ User တွေအတွက်တော့ WhatsApp Dark Mode က စိတ်ကျေနပ်စရာ ဖြစ်လာစေမှာ အမှန်ပါ။
WhatsApp ကို သုံးရတာကြိုက်တယ်၊ WhatsApp သုံးနေရတာကိုပဲ ကြိုက်တယ်ဆိုတဲ့ User တွေအတွက်တော့ ဒီ Feature တွေက အရမ်းကို စိတ်ကျေနပ်စေမယ့် Feature အသစ်တွေပဲ ဖြစ်ပါတယ်။