ယနေ့ လူသိများလာသော Digital Marketing သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းကပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
“Digital Marketing” ဟူသော ဝေါဟာရကို ၁၉၉၀ ခုနှစ်ကတည်းက ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ၁၉၉၅ တွင် ကမ္ဘာတစ်ဝှမ်း အင်တာနက်အသုံးပြုသူပေါင်း ၁၆ သန်းရှိခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် United Kingdom တွင်ကောက်ယူသော စစ်တမ်းများအရ လက်လီအရောင်းဆိုင် အများစုသည် ကိုယ်ပိုင် Domain ပင်မလုပ်ရသေးပေ။
သက္ကရာဇ် ၂၀၀၀ မှ ၂၀၁၀ အထိ Digital Media အသုံးပြုနိုင်သော Device များ၏ စွမ်းဆောင်ရည်များ တစ်ဟုန်ထိုး တိုးပွားလာသဖြင့် Digital Marketing သည် ပို၍ ခေတ်မီ ဖွံံ့ဖြိုးတိုးတက် လာခဲ့သည်။ ၂၀၁၂ – ၂၀၁၃ စာရင်းဇယားများအရ Digital Marketing သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေဆဲပင်ဖြစ်သည်။
“Digital Marketing” အား အခြားဝေါဟာရများအဖြစ် “Online Marketing” ၊ “Internet Marketing” ၊ “Web Marketing” ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲကြသည်။ သို့ရာတွင် “Digital Marketing” ဟူသော ဝေါဟာရသာ ယခုချိန်ထိ ပို၍ ရေပန်းစားခဲ့သည်။
အမေရိကန်နိုင်ငံတွင်မူ “Online Marketing” ဝေါဟာရသည် ပို၍တွင်ကျယ်စွာ အသုံးပြုကြသည်။ အီတလီနိုင်ငံတွင်မူ “Web Marketing” ဟု အဓိက သုံးစွဲကြသည်။ ၂၀၁၃ နောက်ပိုင်းတွင် ကမ္ဘာတစ်ဝှမ်းတွင် “Digital Marketing” ဝေါဟာရအဖြစ်သာ လူသုံးအများဆုံး စကားလုံးဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်မှစ၍ တန်ဖိုးနည်း sim card များထွက်ပေါ်လာပြီး အင်တာနက်အ သုံးပြုသူဦးရေ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ ၂၀၁၃ မတိုင်မီကတည်းက Web ၊ Facebook နှင့် အခြား Digital Channel များတွင် Digital Marketing အသုံးပြုခဲ့ကြသော်လည်း ၂၀၁၃ နောက်ပိုင်းတွင် အင်တာနက်နှင့် facebook အသုံးပြုသူ တစ်ဟုန်ထိုး တိုးပွားလာသည့်အတွက် Digital Marketing လည်း ပိုမို၍ ကျယ်ပြန့်လာခဲ့ပါသည်။
၂၀၁၈ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ လူဦးရေ ၁၈ သန်းရှိသည်။ Mobile ဖုန်းဖြင့် Facebook အသုံးပြုသူ ၁၆ သန်းရှိပြီး instagram အသုံးပြုသူ ၇ သိန်း ၂ သောင်းခန့်ရှိသည်ဟု သိရပါသည်။
Ref: History of Digital Marketing