logo
myanmar
Facebook မှာ Tag အလုပ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

Facebook မှာ Tag အလုပ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

18 Feb 2015

ကိုယ်နဲ့ ဆိုင်တာတွေရော၊ မဆိုင်တဲ့ Post တွေကိုရော သိမ်းကျုံးပြီး Tag အလုပ်ခံရလို့ စိတ်ညစ်နေကြရတဲ့သူများ၊ ဖြေရှင်းဖို့ နည်းလမ်းရှာမတွေ့ လို့ အခက်တွေ့ နေတဲ့ သူငယ်ချင်းများ အတွက်ရည်ရွယ်ပါတယ်။ ကဲ .. Facebook မှာ Tag အလုပ်မခံရအောင် ဘယ်လိုကာကွယ်မလဲ။

၁) ပထမဆုံးအနေနဲ့ ကိုယ့်ကို Tag ထားတဲ့ Post တွေရဲ့ ညာဘက်အပေါ်ထောင့်လေးက down arrow မှာ(Remove Tag) Tag ကိုဖြုတ်ပစ်ပါ။ Facebook က အရစ်ရှည်ပြီး ဒီ Post က Tag ဖြုတ်ပေမဲ့ အခြားနေရာတွေမှာ ပေါ်နိုင်တယ်၊ ဘာတယ်ဆိုတဲ့ Box ပေါ်ရင် အမှန်ခြစ်ပြီး Okay သာပြောလိုက်ဗျာ။

PS: Facebook က အောင်မြင်တဲ့ Social Platform ဆိုပေမဲ့၊ User တွေကို ထင်သာ မြင်သာတဲ့အသိမပေးဘဲ သူတို့ စိတ်ကြိုက် System User Interface တွေကို အချိန်မရွေး Update လုပ်နေတာတော့ မမိုက်ဘူးဗျာ။ (စာရေးသူ Comment - အလကားသုံးရတာတောင် Complain တက်)
:)

[row]
[column grid="6" offset="0"]
Facebook Advertising Myanmar
[/column]

[column grid="6" offset="0"]
online marketing
[/column]
[/row]

၂) Tag ကို ဖြုတ်ပြီးပေမဲ့ အဲဒီ့ Post ရဲ့ New Comment တွေ၊ Like တွေရဲ့ Update တွေကို Notification အနေနဲ့ ထပ်ရနေဦးမှာဗျ။ အဲဒီ့ Notification တွေကိုပါမလိုချင်ရင်တော့ အဲဒီ Post မှာပဲတစ်ခါထဲ ပုံမှာပြထားတဲ့အတိုင်း Turn off notifications ပါလုပ်လိုက်ပါ။

Myanmar Facebook Advertising


၃) Tag အလုပ်ခံထားရတာတွေတော့ ရှင်းပြီးပါပြီ။ အရေးအကြီးဆုံး၊ နောင်မှာ Tag အလုပ်မခံရအောင်အတွက်ကျတော့ Facebook ရဲ့ “Settings” ထဲက “Timeline and Tagging” နေရာကို သွားပါ။ ပုံမှာပြထားတဲ့အတိုင်း “Review posts friends tag you in before they appear on your timeline?” ရဲ့ ညာဘက်အခြမ်းက “Edit” မှာ နှိပ်ပြီး “Enabled” ကို ရွေးပေးလိုက်ရုံပါပဲ။

Online Myanmar

myanmar marketing

ကိုယ့်ကိုမသိဘဲ Tag လုပ်နေတဲ့သူတွေတော့ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ နောင်သူတို့ကိုယ့်ကို Tag လုပ်တဲ့အခါ ဘယ်သူကတော့ ကိုယ့်ကို ဘယ် Post မှာ Tag လုပ်နေပါတယ် ဆိုတဲ့သတင်း “Notification” သာရောက်မှာပါ။ ဘယ် News Feed, Wall ပေါ်မှာမှ ကိုယ့်နာမည်နဲ ့ ယခင်လို အနှောင့်အယှက်ဖြစ်စရာတွေ မရှိတော့ပါဘူး၊ မပေါ်တော့့ပါဘူး။ “Tag” ကို ကိုယ်ခွင့်ပြုမှ သူတို့
“Tag” နိုင်ကြတော့မှာပါ။

အပေါင်းအသင်းတွေထဲက မသိဘဲ “Tag” လုပ်ခံရလို ့စိတ်ဒုက္ခရောက်နေကြရတဲ့သူတွေရှိရင်လဲ “Share” ပေးလိုက်ကြပါဦး။

မလိုအပ်ဘဲ “Tag” လုပ်ခံရခြင်းမှ ကင်းဝေးကြပါစေ။

- SEOMyanmar

Recent posts