
02 Feb 2026
ကမ္ဘာ့အကြီးဆုံး Online Video Sharing Platform တစ်ခုဖြစ်တဲ့ YouTube ဟာ ဖေဖော်ဝါရီ ၂၀၀၅ ခုနှစ်မှ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ လူတိုင်းနီးပါး သီချင်းတွေရှာကြမယ် Video တွေရှာကြမယ်ဆို YouTube ပေါ်ကိုသွားပြီးရှာကြတာများပါတယ်။ ဒါပေမဲ့ YouTube က Entertainment တစ်ခုအတွက်သီးသန့်မဟုတ်ပဲ မှန်ကန်တဲ့ နည်းလမ်းမျိုးနဲ့အသုံးပြုမယ်ဆိုရင် Self-improvement အတွက် အရမ်းကို တန်ဖိုးရှိတဲ့ Platform တစ်ခုလဲ ဖြစ်ပါတယ်။
ဒီတော့ အချိန်ဖြုန်းရာလဲမကျ အကျိုးလဲရှိချင်အောင် YouTube သုံးချင်တယ်ဆို Tips အချို့ကို Sharing လုပ်ပေးချင်ပါတယ်…
ပညာယူဖို့အတွက် အသုံးချပါ။ ဘာသာစကားသင်ခန်းစာ၊ နည်းပညာ၊ စီးပွားရေး နဲ့ အခြားသော Skill တွေကို YouTube မှာ Free လေ့လာနိုင်ပါတယ်။
Channel ကောင်းတွေကို Subscribe လုပ်ပါ။ ဒါမှသာ မလိုအပ်တဲ့ Content တွေကြောင့် အချိန်မကုန်စေပဲ ကိုယ်နှစ်သက်ရာ Content တွေကို အချိန်တိုအတွင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Time Management ကောင်းကောင်းလုပ်ပါ။ Auto Play လုပ်ထားမယ်ဆို သတိမထားမိပဲ အချိန်ကုန်မြန်စေပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ကြည့်နေရုံမဟုတ်ပဲ လက်တွေ့အသုံးချကြည့်ပါ။ ဒီအချက်က ကြည့်ရင်တော့ လွယ်မယ်ထင်ရပေမယ့် တကယ်လုပ်ကြည့်တဲ့အခါမျိုးတွေမှာ အခက်အခဲ ဖြစ်စေတတ်လို့ပါ။
အထက်ပါ Tips တွေကို အသုံးချပြီး YouTube သုံးမယ်ဆိုရင်တော့ မိတ်ဆွေတို့အတွက် အချိန်ဖြုန်းရာလဲမကျ အကျိုးလဲရှိလာစေနိုင်မှာ ဖြစ်ပါတယ်။