
16 Nov 2023
ယခုခေတ်မှာ အသုံးပြုနေကြပြီဖြစ်တဲ့ Digital Marketing ဆိုတဲ့ နယ်ပယ်ဟာအလွန်ပင်ကျယ်ပြန့်ပါတယ်။ မြန်မာနိုင်ငံမှာလဲ Internet အသုံးပြုသူလူဦးရေများလာတာအမျှ Digital Marketing နည်းပညာကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာပြီး အပြိုင်အဆိုင်ဈေးကွက်ချဲ့ထွင်လာကျပါပြီ။ ဒါပေမဲ့ Digital Marketing လို့ဆိုလိုက်တာနဲ့ Facebook Marketing တစ်ခုတည်းကိုမဆိုလိုပါဘူး။ Digital Marketing ဆိုတာ အလွန်ပင်ကျယ်ပြန့်ပြီး Concept ပေါင်းများစွာနဲ့လုပ်ကိုင်ရတဲ့ Marketing နည်းလမ်းဖြစ်ပါတယ်။
Facebook Page ကို Boost လုပ်တတ်ပြီး Tools တွေကိုသိရုံလောက်နဲ့ Digital Marketer တစ်ယောက်ဖြစ်လာဖို့မလွယ်ကူပါဘူး။ ပြောင်းလဲ တိုးတက်လာတဲ့ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်အောင်Trend တွေ Update တွေ ကို အမြဲမျက်ခြေ မပြတ်ကြည့်ရှုလေ့လာပြီး Marketing နဲ့ပက်သက်တဲ့အတွေးအမြင်တွေ Strategy တွေကိုတွဲဖက်ပြီး အကျိုးရှိရှိအသုံးချနိုင်မှသာ အာင်မြင်တဲ့ Digital Marketer တစ်ယောက်ဖြစ်လာစေမှာပါ။
Digital Marketing ဆိုတာ Marketing နည်းလမ်းများစွာနဲ့အကျုံးဝင်ပါတယ်။ အဓိကအားဖြင့် SEO, SEM စတာတွေကနေ Email Marketing, Social Media
Marketing အထိပါဝင်ပြီး Digital Marketing ဆိုတာ ကိုယ့်ရဲ့ Brand ကို Online မှာအောင်မြင်ပြီး လူသိများချင်တယ်ဆိုလျှင် မဖြစ်မနေအသုံးချသင့် တဲ့နည်း ပညာပါ။ Digital Marketing မှာအဓိကအားဖြင့် ပါဝင်တာတွေကတော့ -
SEO (Search Engine Optimization )
Digital Marketing ထဲမှာ SEO ဟာ Essential လို့တောင်ပြောလို့ရပါတယ်။ SEO ဆိုတာကတော့ ကိုယ့်ရဲ့ Website ကို Google (Search Engine )ရဲ့ထိပ်ဆုံးစာမျက်နှာမှာ ရောက်ရှိစေပြီး Website ကိုလူကြည့်ရှုမှုများအောင်ပြုလုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ရေရှည်အတွက် ကုန်ကျမှုသက်သာပြီး Website Ranking တက်စေဖို့အတွက် အလွန်ထိရောက်မှုရှိတဲ့ Internet Marketing နည်းလမ်း ပဲဖြစ်ပါတယ်။
SEM ( Search Engine Machine )
SEM (သို့မဟုတ်) PPC (Pay Per Click) ဆိုတာ တစ်နည်းအားဖြင့်ပြောရရင် Website ကို Search Engine ပေါ်မှာကြော်ငြာခြင်းနည်းလမ်းတစ်မျိုးပါ။ ကိုယ့်ရဲ့ ကြော်ငြာ Link ကိုတစ်စုံတစ်ယောက်က Click နှိပ်လိုက်တိုင်း Website ပိုင်ရှင်က Google သို့ပိုက်ဆံပေးရ/ပေးချေရသောနည်းလမ်းပဲဖြစ်ပါတယ်။ ရလဒ်ကိုချက်ခြင်းလက်ငင်း အဓိကဦးစားပေး သူတွေအတွက် ထိရောက်တဲ့နည်းလမ်းဖြစ်ပြီး ကိုယ့် Website ကို လူစိတ်ဝင်စားမှုဘယ်လောက်ရှိလဲ စသဖြင့်တိုင်းတာနိုင်ပြီး အလွယ်တကူသုံးသပ် နိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။
Social Media Marketing
Social Media ဆိုတာကတော့ ကိုယ့်ရဲ့ Brand ကို Customer တွေနဲ့ရိုးရှင်းစွာဆက်သွယ်ပေးတဲ့ Marketing Channel ဖြစ်ပြီး Digital Marketing နည်းလမ်းတွေထဲမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့ နည်းလမ်း တစ်ခုပဲဖြစ်ပါတယ်။ Social Media ကနေတစ်ဆင့် Customer တွေကို Product Or Service ရဲ့ Information တွေကိုဖော်ပြနိုင်ခြင်း၊ Customer တွေရဲ့ တုံ့ပြန်ချက်တွေအကြံပေးချက်တွေကို နားထောင် နိုင်ပြီး ထိုမှတစ်ဆင့် Customer Relationships ကိုတည်ဆောက်နိုင်ခြင်းစတဲ့အချက်တွေကြောင့် Social Media Marketing ဟာထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။
Email Marketing
Email Marketing ဟာ Digital Marketing Channel တွေထဲမှာမှ Mobile Customers တွေနဲ့အ လွယ်တကူထိတွေ့လို့ရတဲ့အပြင် ထိရောက်မှုရှိမရှိကိုလည်းအလွယ်တကူသိနိုင်တဲ့ Marketing နည်းလမ်းပါ။ ကိုယ့်ရဲ့ Product နဲ့ Service ကို လူတွေသိစေဖို့ Email ပို့မိတ်ဆက်ခြင်း နဲ့ လုပ်ငန်းအသစ် နဲ့ ဝန်ဆောင်မှုအသစ်တွေကိုလည်း Email Marketing နည်းလမ်းနဲ့ တစ်ပြိုင်နက်ဖြန့်ဝေပေး ပို့လို့ ရပါတယ်။
Content Marketing
Content Marketing ဆိုတာ SEO အတွက်အထောက်အကူပြုသလို Digital Marketing ရဲ့အဓိကအစိတ်အပိုင်းတစ်ခုဆိုလဲ မမှားပါဘူး။ ဆွဲဆောင်မှုရှိပြီး ခေတ်နဲ့အညီ လူအများစိတ်ဝင်စားနိုင်မဲ့ Content ကောင်းတွေဖန်တီးနိုင်မှုဟာ Content Marketing ရဲ့အဓိကအချက်ပါ။ ကိုယ့်ရဲ့ Product နဲ့ Service တွေကို Customer တွေစိတ်ဝင်စားနားလည်လွယ်အောင် ဆွဲဆောင်မှုရှိတဲ့ Content တွေနဲ့ လူသိများလက်ခံလာအောင် ကြော်ငြာခြင်းနည်းလမ်းပဲဖြစ်ပါတယ်။
Video Marketing
Video Marketing ဟာ ဆွဲဆောင်မှုရှိတဲ့ Video Content တွေဖန်တီးပြီး ဈေးကွက် အတွင်းရောက်ရှိအောင်ပြု လုပ်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ယခင်က YouTube မှာအများဆုံးမြင်နိုင်ပေမဲ့ ယခုဆို Social Media Channel တွေဖြစ်တဲ့ Facebook,Twitter, Instagram
တို့မှာပါအသုံးပြုမှုများလာတဲ့ Digital Marketing နည်းလမ်းပဲဖြစ်ပါတယ်။
ယခုဖော်ပြသွားတာတွေကတော့ ယခုလက်ရှိအသုံးများနေတဲ့ Digital Marketing နည်းလမ်းတွေပဲဖြစ်ပါ တယ်။ တကယ်တော့ Digital နဲ့ပက်သက်သမျှ Marketing နည်းလမ်းအားလုံးကိုပေါင်းစပ်ပြီး Digital Marketing လို့ခေါ်တာပါ။ နည်းဗျူဟာပေါင်းများစွာ ပါဝင်ပေါင်းစပ်နေတဲ့ Digital Marketing ဟာဆိုရင် အလွန်ပင်ကျယ်ပြန့်ပြီး Marketing နဲ့ပက်သက်တဲ့ အတွေးအမြင် အယူအဆတွေကို ခေတ်အလိုက် အမြဲတွေးခေါ်ဖန်တီးနေမှသာ အောင်မြင်တဲ့ Digital Marketer တစ်ယောက်ဖြစ်လာနိုင်မှာပဲဖြစ်ပါတယ်။