
အောင်မြင်တဲ့ Business တိုင်းမှာ ကိုယ်ပိုင်နည်းဗျူဟာတွေရှိကြပါတယ်။ လူကြီးမင်းတို့ရဲ့ Business ဒါမှမဟုတ် ကုန်ပစ္စည်း ရောင်းအား ကျဆင်းနေတယ် ရောင်းအား တက်သင့် သလောက်မတက်ဘူး ဆိုရင်တော့ ယခုဖော်ပြမဲ့ အခြေခံ အချက်တွေကို လေ့လာနိုင်ပါတယ်…
Focus On Customer
အရောင်းအဝယ်လုပ်တဲ့ အချိန်မှာ အရောင်းဝယ်ဖြစ်ဖို့သဘောတူညီမှု ရရှိဖို့ကိုဦးစားပေး တတ်ကြ ပါတယ်။အရောင်းအဝယ်လုပ်တဲ့အခါ အရောင်းအဝယ်ဖြစ်ဖို့ အဓိကဆိုတဲ့အချက်ဟာ မှန်သင့်သလောက်တော့မှန်ပါတယ်။ ဒါပေမဲ့ အဓိက ဦးစားပေးသင့်တာ Customer ရဲ့ မိမိလုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ဝင်စားမှုပါ။ Customer အား မိမိလုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ပါဝင်စားလာအောင်ဆွဲဆောင်ပြောဆိုနိုင်ပါက အရောင်းအဝယ် သဘောတူညီမှု စတာတွေဖြစ်စေမဲ့အလားအလာကောင်းတစ်ရပ်ပါ။
Research A Customer
သင့် Customer ရဲ့စိတ်ဝင်စားမှု ကိုရရှိအောင်ပြောဆိုဖို့ဆိုတာ Customer ရဲ့လုပ်ငန်း အကြောင်းကိုသိဖို့ လဲလိုအပ်ပါသေးတယ်။ ဥပမာ-သင့် Customer ရဲ့လုပ်ငန်းကို သေချာလေ့လာထားမယ်ဆို သူသင့်လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်းအပေါ် စိတ်ပါဝင်စား လာအောင်ပြောဆိုဖို့ ပိုမိုလွယ်ကူစေမှာပါ။
Help The Customer Loyal Customer
တစ်ယောက်ရရှိလာဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုကတော့ ယုံကြည်မှု ပါ။ သင့်လုပ်ငန်း ကုန်ပစ္စည်း အပေါ် ယုံကြည်မှုရရှိစေရန် လုပ်ငန်းနဲ့ပက်သက်တဲ့ အကြံဉာဏ်ကောင်းတွေကို အမြဲမျှဝေပေးနိုင်ဖို့လိုပါတယ်။ သင်ကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့ သင့်လုပ်ငန်းကနေတစ်ဆင့် သင်မျှဝေပေးတဲ့ Knowledge ဟာ Customer ရဲ့လုပ်ငန်းပိုမိုလွယ်ကူစေဖို့ အထောက်အကူပြုစေတဲ့အခါမှာ သင့်လုပ်ငန်းအပေါ် ပိုမို ယုံကြည်မှုရရှိလာစေမှာပါ။
Don’t Afraid Your Competitor
သင့်ရဲ့ Customer ကို သင့်လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ဝင်စားစေ ရန်ဆွဲဆောင်နေတဲ့အချိန်မှာ တခြား အပြိုင် လုပ်ငန်း အကြောင်း ယှဉ်ပြီးမေးတဲ့အခါမျိုးမှာ ကြောက်ဖို့ တွန့်ဆုတ်ဖို့မလိုပါဘူး။ သင်နဲ့အပြိုင်လုပ်ငန်းရဲ့ကောင်း မွန်တဲ့အချက်တွေ ကိုပြောဆိုပြီး သင့်လုပ်ငန်းကပေးနိုင်တဲ့ မတူညီတဲ့အချက် မတူညီတဲ့ Service တွေအကြောင်းတဖြည်းဖြည်းပြောဆိုပြီး Customer အား ဆွဲဆောင်ပါ။
ဒီအချက်တွေဟာဆိုရင် Business တစ်ခုမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိဖို့အတွက် သိထားသင့်တဲ့ Tip များပဲဖြစ်ပါတယ်။