logo
myanmar
Spam Mail တွေကို မြန်မြန်ဆန်ဆန် Block နည်း

Spam Mail တွေကို မြန်မြန်ဆန်ဆန် Block နည်း

18 Sept 2023

ကိုယ့်ရဲ့ Gmail Account ကို ခနခန Promotion Mail တွေပို့နေတာတွေ၊ Ads Mail တွေက ကိုယ့်အတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်။ ကိုယ်က ဒီလိုကိုယ့် Gmail Account ကိုမလိုလားတဲ့ Mail တွေပို့နေတဲ့ Website တွေ Account တွေကို မြန်မြန်ဆန်ဆန် Block ထားနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်...


ကိုယ်မလိုလားတဲ့ အရာတွေကို Gmail မှာ Block မယ့်နည်းလမ်းကတော့...

အဆင့် (၁) သင့် Gmail Account ကိုဝင်ပါ


အဆင့် (၂) သင် Block ချင်တဲ့ Email ကိုဖွင့်ပါ


အဆင့် (၃) ဒေါင်လိုက်ဖြစ်နေတဲ့ အစက်လေး သုံးစက် ကိုနှိပ်လိုက်ပါ


အဆင့် (၄) အစက် သုံးစက်ကို နှိပ်လိုက် Option တွေကျလာမှာဖြစ်ပြီး "Block ..." ဆိုတာကိုရွေးပေးလိုက်ပါ


ဒီအချက်တွေကို လုပ်ပြီးရင်တော့ Block တာအောင်မြင်သွားပါပြီ။




Recent posts