24 May 2020
အောင်မြင်တဲ့ Business တစ်ခုဖြစ်ဖို့ ဆိုရင် သင့်တော်တဲ့ ဈေးကွက်ရှာဖွေမှု၊ High-Quality Product တွေရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ Business တစ်ခုရဲ့ အောင်မြင်မှုကို အဓိက ထိန်းချုပ်ထားတဲ့ မဏ္ဍိုင်ကို ပြောရမယ်ဆိုရင်တော့ သင့် Business နဲ့ ပတ်သက်တဲ့ Audience အသိုင်းအဝိုင်းဆီကို Target ထိနိုင်မယ့်၊ မှန်ကန်တဲ့ Marketing Technique တွေကိုသုံးပြီး သင့်ရဲ့ Loyale Customer တွေဖြစ်လာအောင် ပြောင်းလဲဖို့က အဓိကကျတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အောင်မြင်တဲ့ Business တစ်ခုဖြစ်လာဖို့ဆိုရင် Effective ဖြစ်တဲ့ Marketing နည်းလမ်းတွေကိုသိထားဖို့ လိုအပ်ပါတယ်။ ယခုဖော်ပြပေးမယ် အချက်ကတော့ Marketing နယ်ပယ်မှာ အရေးပါတဲ့ နည်းလမ်း (၂) မျိုးဖြစ်တဲ့ Traditional Marketing နဲ့ Digital Marketing ကိုဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
Traditional Marketing
Traditional Marketing ဟာ အရင်ထဲကရှိခဲ့တဲ့ Marketing ပုံစံတစ်ခု ဖြစ်ပြီး Product တစ်ခုကို Customer တစ်ဦး(သို့) အများဆီသို့ ရောက်အောင် ကြော်ငြာတဲ့ ပုံစံတစ်မျိုးပါ။ Traditional Marketing ရဲ့အစဉ်အလာကတော့ သင့်ရဲ့ Product တွေကို Audience ဆီသို့ရောက်ရှိစေရန် Offline Advertising ပုံစံနဲ့ ကြော်ငြာခြင်း ဖြစ်ပါတယ်။ ကျေးလက်၊ တောရွာတွေလို Internet အခက်အခဲရှိတဲ့ နေရာမျိုးတွေဆိုရင် Traditional Marketing ကအသင့်တော်ဆုံး Marketing နည်းလမ်းပဲဖြစ်ပါတယ်။ Offline Marketing ကို ဒီ အချက် (၄) ပေါ်မူတည်ပြီး အသုံးပြုကြတာပါတယ်…
1.Print ( ဥပမာ – မဂ္ဂဇင်း၊ သတင်းစာတွေထဲမှာ Product ကိုထည့်သွင်းကြော်ငြာခြင်း)
2.Broadcast ( ဥပမာ – တယ်လီဗီးရှင်း၊ ရေဒီယို တို့မှာ Product အကြောင်းကို ကြော်ငြာခြင်း)
3.Telephone( ဥပမာ – Product ကို Telemarketing ပြုလုပ်ပြီး ကြော်ငြာခြင်း၊ SMS ပို့ပြီး ကြော်ငြာခြင်း)
4.Outdoor ( ဥပမာ – Billboard ထောင်ခြင်း၊ လက်ကမ်းစာစောင်ဝေပြီး ကြော်ငြာခြင်း)
ဒီ Traditional Marketing ဟာဆိုရင် ရာစုနှစ်များစွာ အသုံးပြုခဲ့ကျတဲ့ နည်းလမ်းဟောင်း ဖြစ်နေပေမယ့် ဒီနည်းလမ်းဟာ လက်ရှိမှာလည်း အသုံးပြုနေဆဲဖြစ်ပါတယ်။ နည်းပညာတိုးတက်မှု အလွန်နည်းပါးတဲ့ နေရာမျိုးတွေကို Target ထားချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းက သင့်တော်တဲ့နည်းလမ်း တစ်ခုပဲဖြစ်ပါတယ်။
Digital Marketing
Digital Marketing ကတော့
ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့ နောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကျတဲ့ Online Marketing ပဲဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Business တော်တော်များများကတော့ သူ့ထက်ငါအပြိုင် Strategy မျိုးစုံနဲ့ အောင်မြင်မှုရရှိဖို့ အတွက်လုပ်ကိုင်နေကျပါပြီ။ Digital Marketing နည်းလမ်းက Internet Marketing/ Online Marketing လိုသိရှိကျပြီး သင့် Product တွေကို Internet, Electronic Devices,Mobile Phone တွေကနေတဆင့် Audience ဆီကို ကြော်ငြာပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ Social Media Marketing, Content Marketing, PPC& SEM Marketing, Email Marketing တွေဟာဆိုရင် လက်ရှိကာလမှာ အသုံးများနေတဲ့ Digital Marketing နည်းလမ်းတွေပဲဖြစ်ပါတယ်။
Business အတွက် Digital Marketing ဟာအချိန်တိုတိုအတွင်း အသုံးပြုမှုများပြားလာရခြင်းရဲ့ အဓိကအချက်တော့ ကမ္ဘာပေါ်မှာ Internet ဟာ လူအများဆုံး အသုံးပြုလာကျတဲ့ Tool တစ်ခုသဖွယ်ဖြစ်လာရခြင်းကြောင့်ဖြစ်ပါတယ်။ Digital Marketing ရဲ့ အားသာချက်တွေကတော့ Audience ကို Behavior အလိုက် အသေးစိတ် Target လုပ်နိုင်ခြင်း၊ Audience Reach, Engagement Data တွေကို ပြန်လည်သိရှိနိုင်ခြင်း၊ Report တွေကို ဆန်းစစ်ပြီး Remarketing လုပ်နိုင်ခြင်း အစရှိတဲ့ ရလဒ်ကောင်းတွေပဲဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ Business ကို အောင်မြင်မှုရရှိနိုင်ဖို့ အတွက်ကတော့ မှန်ကန်တဲ့ Marketing Technique ကို ရွေးချယ်ပြီး မိမိ Product တွေကို ကြော်ငြာဖို့ အတွက်ကတော့ သင့်တော်မှန်ကန်တဲ့ Marketing နည်းလမ်းကို ရွေးချယ်ဖို့က အဓိက သော့ချက်ပဲဖြစ်ပါတယ်။
Ref – lyfe