
စီးပွားရေးလုပ်ငန်းတစ်ခုအတွက် မှန်ကန်တဲ့ Domain Name ရွေးချယ်တတ်ဖို့ဆိုတာလဲအရေးကြီးပါတယ်။ကဲဒါဆို မှန်ကန်တဲ့ Domain Name တစ်ခုရဖို့ဘယ်လိုရွေးချယ်ရမလဲ? သင့်ရဲ့ Web Identity အတွက်ဘယ်လို Key အချက်အလက်တွေကိုထည့်သွင်းစဉ်းစားသင့်လဲ? စတဲ့မေးခွန်းတွေအတွက် Domain Hunter Gatherer အဖွဲ့ရဲ့ Key Tips တွေကိုဖော်ပြပေးလိုက်ပါတယ်။
- Character အရေအတွက်နည်းလေ Typing ရိုက်ရတာလွယ်လေဖြစ်လို့ မိမိရဲ့ Domain Name ဟာ တိုတိုနဲ့ထိရောက်တဲ့ နာမည်ဖြစ်ဖို့လိုပါတယ်။ အကယ်၍မိမိရဲ့ Domain Name ဟာ စကားလုံးသုံးလုံးထက်ပိုနေရင်တော့ လူတွေအတွက်မှတ်မိဖို့ခဲယဉ်းပါလိမ့်မယ်။
- မိမိရဲ့ Domain Name ဟာလွယ်လွယ်ကူကူရေးလို့မှတ်လို့လွယ်တဲ့ နာမည်ဖြစ်ဖို့လဲအရေးကြီးပါတယ်။မှတ်မိလွယ်တဲ့ Domain name တစ်ခုဟာလဲ Online မှာမိမိရဲ့ Product or service တည်ရှိနေဖို့လွယ်ကူပါတယ်။
- အကယ်၍သင့်ရဲ့ Business ဟာဒေသတစ်ခုခုကိုအစွဲပြုထားရင်တော့ အဲ့နေရာဒေသအမည်ကို သင့်ရဲ့ Domainမှာထည့်သွင်းရေးသားသင့်ပါတယ်။ Local-Themed Domain တွေဟာလဲကိုယ့်ရဲ့ Brand အတွက်ထိရောက်တဲ့အကြံကောင်းတစ်ခုလဲဖြစ်ပါတယ်။
- နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ Domain Name ဟာ Social Media တွေဖြစ်တဲ့ Facebook, Instagram, Twitter မှာရှိတဲ့ Name တွေနဲ့ဆက်နွယ်မှုရှိရပါမယ်။ဒါမှသာကိုယ့်ရဲ့ Brand ကိုလူသိများစေတဲ့အခွင့်အလမ်းပိုမိုရရှိမှာဖြစ်ပါတယ်။
- 90% အထက်ရှိတဲ့ User တွေဟာ .com site တွေကိုပိုပြီးယုံကြည်စိတ်ချကြပါတယ်။ မိမိ brand ရဲ့အရည်အသွေးလဲတက်စေပါတယ် ဘာလို့လဲဆိုတော့ .com site တွေဟာပိုပီးယုံကြည်စိတ်ချရတဲ့ပုံပေါ်လို့ပါ။
- သင့်ရဲ့ Domain Name မှာပါတဲ့ Keyword တွေဟာလဲ SEO Ranking အတွက်အထောက်အကူပြုပါတယ်။ ကိုယ့်ရဲ့ Domain မှာပါရှိတဲ့ Keyword တွေဟာ ကိုယ့်ရဲ့ Brand ကိုရုံစူးစိုက်မှုပိုမိုရရှိပြီးအလားအလာကောင်းစေပါတယ်။
ဒီအချက်တွေကို လေ့လာပြီး လူကြီးမင်းတို့လုပ်ငန်းအတွက် မှန်ကန်တဲ့ Domain Name ကိုဘလိုရွေးချယ်မလဲဆိုတာကို သိရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။