ဒီတစ်ခေါက်မှာတော့ AirPods ခဏခဏပျောက်တတ်တဲ့သူတွေအတွက် ရည်ညွှန်းပြီး Sharing လုပ်ပေးသွားပါမယ်။ အိပ်နေရင်း မနက်နိုးလာတော့ AirPods ပျောက်နေတယ်၊ ထိုင်ခုံကြားတွေကျနေတယ်၊ ဘယ်မှာကျန်ခဲ့လဲမသိဘူး… အစရှိတဲ့ AirPods ပျောက်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးသွားပါမယ်။

 

ပထမဆုံးအဆင့်မှာ Find My Network ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်

 

Setting > Find My ထဲကိုသွားပြီး Find My iPhone နဲ့ Find My network ဆိုတာကို ဖွင့်ပေးပါ

နောက်တဆင့်ကတော့ Find My ဆိုတဲ့ App ထဲကိုဝင်ပြီးသွားရင် Devices ထဲမှာ ကိုယ်ချိတ်ထားတဲ့ Devices တွေထဲမှာမှ မိမိရဲ့ AirPods ကိုရွေးလိုက်ပါ

 

AirPods ကိုရွေးလိုက်ရင်တော့ AirPods ရှိနေတဲ့ Location ကိုမြင်ရပါမယ်။ တကယ်လို့ AirPods က အနီးနားမှာပဲ ပျောက်နေတယ်ဆိုရင် အသံထွက်အောင်လုပ်ပြီး ရှာလို့ရပါတယ်။ Play Sound ဆိုတာကို နှိပ်လိုက်ရင်တော့ ပျောက်နေတဲ့ AirPods ကနေ အသံလေးထွက်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ မိတ်ဆွေတို့ ပျောက်နေတဲ့ AirPods ကိုရှာလို့ လွယ်ကူသွားပါပြီ။

 

နောက်ဆို AirPods ပျောက်ခဲ့ရင်လည်း အလွယ်တကူရှာနိုင်သွားမှာ ဖြစ်တဲ့အတွက် မိတ်ဆွေတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအကြောင်းအရာကို သိပြီးတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။

Leave a Reply

social sharing buttons