logo
myanmar
Facebook Reels တွေကို ဘလိုကောင်းကောင်း Schedule လုပ်နိုင်မလဲ?

Facebook Reels တွေကို ဘလိုကောင်းကောင်း Schedule လုပ်နိုင်မလဲ?

20 Oct 2022

လက်ရှိအသုံးပြုမှုများလာတဲ့ Facebook Reels တွေကို Creator Studio အသုံးပြုပြီးတော့ Schedule လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ Step ၃ ခုရှိပြီး ရိုးရိုးရှင်းရှင်းပဲ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် မိတ်ဆွေတို့လည်း စမ်းလုပ်ကြည့်နိုင်ပါတယ်…


အဆင့် ၁ အနေနဲ့ Facebook Reels ကို Schedule လုပ်နိုင်ဖို့အတွက် Creator Studio ကို Login ဝင်ပါ။ ဝင်ပြီးသွားရင်တော့ Create Reel ဆိုတာကိုနှိပ်ပြီး သင်တင်တဲ့ Video ကို Upload လုပ်ပေးပါ။ Video က Vertical အနေအထားနဲ့ စက္ကန့် ၆၀ ရှိဖို့ လိုအပ်ပါတယ်


အဆင့် ၂ မှာတော့ Video ကို Optimized လုပ်မှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ သင်တင်ထားတဲ့ Video က Vertical Ratio ရှိပြီး စက္ကန့် ၆၀ နဲ့ အောက်မှာရှိနေရင်တော့ ဒီ အဆင့်က Skip သွားမှာဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ မကိုက်ညီတဲ့ Video ဆိုရင်တော့ Frame တွေကို Reels Format နဲ့ကိုက်ညီအောင် ပြန်ပြီး Setup ချရမှာ ဖြစ်ပါတယ်။


အဆင့် ၃ မှာတော့ Reels Caption ရေးပြီး ကိုယ့်တင်ချင်တဲ့ နေ့ရက်နဲ့ အချိန်တွေကို Schedule လုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲ့နေရာမှာ Schedule မလုပ်ချင်တဲ့ တခါတည်း Publish လုပ်ချင်ရင်လည်း ရပါသေးတယ်။


ဖော်ပြပေးခဲ့တဲ့ Step ၃ ခုကတော့ Creator Studio ကိုအသုံးပြုပြီး Facebook Reels တွေကို Schedule လုပ်သွားနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Recent posts