18 Aug 2020
Marvel’s Avenger Game ကတော့ ကမ္ဘာတစ်ဝှမ်းက ဂိမ်းချစ်သူတွေကော Marvel Fan တွေကပါ ကြိုက်နှစ်သက်မယ့် Video Game တစ်ခု ဖြစ်ပါတယ်။ ဒီ Marvel Avenger Game ကို Develop လုပ်ခဲ့တာကတော့ Crystal Dynamics နဲ့ co-developer Eidos Montreal တို့ပဲ ဖြစ်ပါတယ်။ ဒီ Game ကလက်ရှိအချိန်မှာ Officially Launch မလုပ်သေးပါဘူး။ ဒီလို Officially Lanuch မလုပ်ခင်မှာ ဆော့နိုင်ဖို့ အတွက် ကျေးဇူးတင်ရမှာကတော့ Beta Program ရှိနေခြင်းပဲ ဖြစ်ပါတယ်။
ကဲဒီတော့ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ ဘယ် Platform တွေမှာဆော့နိုင်မလဲနဲ့ ဘယ်လိုဆော့ရမလဲ ဆိုတာကို ဖော်ပြပေးသွားပါမယ်…
ဆော့နိုင်မယ့် Platform တွေကတော့ PS4, Xbox နဲ့ PC တို့ပဲ ဖြစ်ပါတယ်။ PS4 မှာ Free ကစားနိုင်ဖို့အတွက် Playstation Store မှာ Marvels Avengers BETA ကိုရှာပါ။ Game ကိုရှာတွေ့ရင် Download လုပ် Login ဝင်ပြီး ကစားနိုင်ပါပြီ။
မှတ်ချက် - Xbox One Player တွေအနေနဲ့ ဒီ Marvel's Avenger Game ကို Pre-Ordered လုပ်ထားရင် Beta Program ကိုဆော့နိုင်မယ့် Access ကို Automatic ရရှိမှာ ဖြစ်ပါတယ်။
Xbox မှာ Free ကစားနိုင်ဖို့ အတွက်ဆိုရင် Microsoft Store မှာ Marvel’s Avenger BETA ကိုရှာပြီး Install လုပ်ပြီး ကစားနိုင်ပါပြီ။
PC မှာ Marvel’s Avenger Game ကို ကစားနိုင်မယ့် အဆင့်တွေကို ဖော်ပြပေးသွားပါမယ်… ပထမဆုံးအဆင့်အနေနဲ့ Square Enix အကောင့်လုပ်ပြီး Steam မှာ Pre-Ordered လုပ်ရပါမယ်။ ဒီအချက်တွေကို လုပ်ဆောင်ပြီးရင်တော့ Beta Program ကိုကစားနိုင်မှာ ဖြစ်ပါတယ်။
PS4 နဲ့ Xbox တို့မှာ Beta Program ကို ဩဂုတ်လ ပထမအပတ်နဲ့ ဒုတိယအပတ် ကစားနိုင်ပါပြီ။ ဩဂုတ်လ ၂၁ ရက်မှ ၂၅ရက်မှာတော့
PC နဲ့အခြား Platform မှာ Beta Program ကိုဝင်ရောက် ကစားနိုင်ပါပြီ။ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ဂိမ်းချစ်သူတွေနဲ့ Marvel Fan တွေကို ပြန်လည်ဝေမျှနိုင်ပါတယ်။