logo
myanmar
သင့်လုပ်ငန်းရဲ့ရောင်းအားကို ဘယ်လိုပြန်မြှင့်တင်နိုင်မလဲ?

သင့်လုပ်ငန်းရဲ့ရောင်းအားကို ဘယ်လိုပြန်မြှင့်တင်နိုင်မလဲ?

04 May 2023

Business တစ်ခုမှာ သာမန်ထက်ပိုပြီး ရောင်းအားကျဆင်းနေတယ် ရောင်းအားတက်သင့် သလောက်မတက်လာဘူးဆိုရင်တော့ ယခုဖော်ပြမယ့် အခြေခံအချက်တွေကို လိုက်နာဖို့လိုနေပါပြီ။




Focus On Customer




အရောင်းအဝယ်လုပ်တဲ့အချိန်မှာ အရောင်းဝယ်ဖြစ်ဖို့သဘောတူညီမှု ရရှိဖို့ကိုဦးစားပေးတတ်ကြပါတယ်။ အရောင်းအဝယ်လုပ်တဲ့အခါ အရောင်းအဝယ်ဖြစ်ဖို့ အဓိကဆိုတဲ့အချက်ဟာ မှန်သင့်သလောက်တော့မှန်ပါတယ်။ ဒါပေမဲ့ အဓိက ဦးစားပေးသင့်တာ Customer ရဲ့ မိမိလုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ဝင်စားမှုပါ။ Customer အား မိမိလုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ပါဝင်စားလာအောင်ဆွဲဆောင်ပြောဆိုနိုင်ပါက အရောင်းအဝယ် သဘောတူညီမှု စတာတွေဖြစ်စေမယ့် အလားအလာကောင်းတစ်ရပ်ပါ။




Research A Customer




သင့် Customer ရဲ့စိတ်ဝင်စားမှုကိုရရှိအောင်ပြောဆိုဖို့ဆိုတာ Customer ရဲ့လုပ်ငန်း အကြောင်းကိုသိဖို့လဲလိုအပ်ပါသေးတယ်။ ဥပမာ သင့် Customer ရဲ့လုပ်ငန်းကို သေချာလေ့လာထားမယ်ဆို သူသင့်လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ပါဝင်စားလာအောင်ပြောဆိုဖို့ ပိုမိုလွယ်ကူစေမှာပါ။

Recent posts