ဒီတစ်ခေါက်မှာတော့ Facebook Reel တွေကို Creator Studio အသုံးပြုပြီးတော့ Schedule လုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ Step ၃ ခုရှိပြီး ရိုးရိုးရှင်းရှင်းပဲ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် မိတ်ဆွေတို့လည်း စမ်းလုပ်ကြည့်နိုင်ပါတယ်…

 

အဆင့် ၁ အနေနဲ့ Facebook Reel ကို Schedule လုပ်နိုင်ဖို့အတွက် Creator Studio ကို Login ဝင်ပါ။ ဝင်ပြီးသွားရင်တော့ Create Reel ဆိုတာကိုနှိပ်ပြီး သင်တင်တဲ့ Video ကို Upload လုပ်ပေးပါ။ Video က Vertical အနေအထားနဲ့ စက္ကန့် ၆၀ ရှိဖို့ လိုအပ်ပါတယ်

 

အဆင့် ၂ မှာတော့ Video ကို Optimized လုပ်မှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ သင်တင်ထားတဲ့ Video က Vertical Ratio ရှိပြီး စက္ကန့် ၆၀ နဲ့ အောက်မှာရှိနေရင်တော့ ဒီ အဆင့်က Skip သွားမှာဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ မကိုက်ညီတဲ့ Video ဆိုရင်တော့ Frame တွေကို Reel Format နဲ့ကိုက်ညီအောင် ပြန်ပြီး Setup ချရမှာ ဖြစ်ပါတယ်။ 

 

အဆင့် ၃ မှာတော့ Reel Caption ရေးပြီး ကိုယ့်တင်ချင်တဲ့ နေ့ရက်နဲ့ အချိန်တွေကို Schedule လုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲ့နေရာမှာ Schedule မလုပ်ချင်တဲ့ တခါတည်း Publish လုပ်ချင်ရင်လည်း ရပါသေးတယ်။ 

 

ဖော်ပြပေးခဲ့တဲ့ Step ၃ ခုကတော့ Creator Studio ကိုအသုံးပြုပြီး Facebook Reel တွေကို Schedule လုပ်သွားနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Leave a Reply

social sharing buttons