07 Oct 2020
ကဲ Gmail အကောင့်တစ်ခုရှိပြီဆိုတာနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ နယ်ပယ်တွေက ပို့တဲ့ Mail တွေရှိမယ်၊ ကြော်ငြာတဲ့ Mail တွေရှိမယ်...အစရှိတဲ့ Mail တွေကို ကိုယ်က သူတို့ဘယ်နေရာတွေကနေ ပို့နေတာလဲဆိုတဲ့ သိချင်စိတ်တွေ တခါတလေမှာ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီလိုကိုယ့်ကိုပို့နေတဲ့ Mail တွေက ဘယ်ကပို့နေတာလဲဆိုတာကို ကြည့်ရှုသွားနိုင်မယ့် နည်းလမ်းကို ဝေမျှလိုက်တာဖြစ်ပါတယ်။
Step 1
သင့် Computer ရဲ့ Browser ထဲမှာ ဝင်ထားတဲ့ Gmail ဆိုတာကို နှိပ်ပါ
Step 2
မိမိကြည့်ရှုလိုတဲ့ Mail တစ်ခုကိုရွေးလိုက်ပါ
Step 3
ကိုယ့်ကြည့်ရှုလိုတဲ့ Mail ကိုရွေးပြီးပါက ညာဘက်မှာရှိတဲ့ အစက်သုံးစက် Button ကိုနှိပ်ပါ
Step 4
အစက်သုံးစက်ကိုနှိပ်ပြီးပါက Show original ကိုနှိပ်ပါ
Step 5
Show original ကိုနှိပ်ပြီးပါက SPF(Sender Policy Framework) ဆိုတဲ့ ခေါင်းစဥ်မှာရှိတဲ့ IP ကိုတွေ့ရပါပြီ
Step 6
Gmail ပို့သူရဲ့ Location ကိုကြည့်ချင်ရင်တော့ ထို IP ကို Copy ကူးပြီး Online IP Checker Site တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
ဒီဖော်ပြခဲ့တဲ့ အကြောင်းအရာကိုတော့ မိတ်ဆွေတို့ စိတ်ဝင်စားကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။