
Business English ဟာကျွန်တော်တို့နေ့စဉ်ပြောဆိုနေတဲ့ English နဲ့မတူပါဘူး။လုပ်ငန်းခွင်မှာ English ကို professional ဆန်ဆန်သွက်သွက်လက်လက်ကျွမ်းကျင်နေဖို့အထူးလိုအပ်ပါတယ်။မိမိရဲ့ career development အတွက်လှေကားသဖွယ် အထောက်အကူဖြစ်စေတယ်ဆိုလဲမမှားပါဘူး။ယ်။ဒါကြောင့် မိမိရဲ့ လုပ်ငန်းခွင်သုံး English စကားကိုဘယ်လိုတိုးတက်အောင်ပြင်ဆင်မလဲ ဆိုတဲ့အချက် ငါး ချက်ကိုဖော်ပြပေးပါမယ်။
1)Vocabulary ကိုကြွယ်ဝအောင်လုပ်ပါ
လုပ်ငန်းခွင်နဲ့ပက်သက်တဲ့ Vocabulary (ဝေါဟာရ) တွေကိုအရင်ဆုံးကြွယ်ဝအောင် လုပ်ပါ။Vocabulary ဟာ Business English အတွက်သာမဟုတ်ပါဘူး မည်သည့်ဘာသာစကားကိုမဆို တိုးတက်ချင်ရင် Vocabulary ကြွယ်ဝဖို့အလွန်အရေးကြီးပါတယ်။မိမိရဲ့လုပ်ငန်းခွင်နဲ့ပက်သက်တဲ့ ဝေါဟာရ တွေအတိုကောက်တွေ အထူးအရေးကြီးတဲ့အချက်တွေကို ဂရုတစိုက်မှတ်သားဖို့လိုပါတယ်။သင့်ရဲ့ လုပ်ငန်းခွင်နဲ့ပက်သက်လို့ ဘယ်လိုခေါ်ဝေါ်ရေးသားရမလဲ တိတိကျကျသိချင်ရင် Internet ကနေတစ်ဆင့်လဲရှာဖွေနိုင်ပါတယ်။သင်နဲ့အကျွမ်းတဝင်မရှိတဲ့ လုပ်ငန်းသုံးဝေါဟာရတွေကို အဓိကချဉ်းကပ်လေ့လာဖို့ကအရေးကြီးဆုံးပါ။ Business dictionary တွေကနေတစ်ဆင့်လဲ လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ဝေါဟာရ အသုံးအနှုန်းများကိုတိတိကျကျရှာဖွေဖို့ အထောက်အကူပြုပါလိမ့်မယ်။
2)English လိုရေးသားထားတဲ့စီးပွားရေးနဲ့ပက်သက်တဲ့စာအုပ်တွေ ဆောင်းပါးတွေဖတ်ရှုပါ
စီးပွားရေးနဲ့ပက်သက်တဲ့ စာအုပ်တွေဆောင်းပါးတွေကို တဖြည်းဖြည်းဖတ်ရှုလေ့လာခြင်းဖြင့်သင့်ရဲ့ လုပ်ငန်းခွင်သုံး English စာတိုးတက်မှုကိုမြှင့်တင်နိုင်တဲ့အပြင် စီးပွားရေးသတင်းအချက်အလက်တွေနဲ့နောက်ဆုံးပေါ်သတင်းတွေကိုသိရတဲ့အတွက်အမြဲ up to date ဖြစ်နေမှာပါ။စာများများဖတ်ခြင်းဟာ ဗဟုသုတရရှိစေယုံသာမက မိမိရဲ့လုပ်ငန်းခွင်နဲ့ပက်သက်တဲ့ English ဘာသာနဲ့ရေးသားထားတဲ့စာအုပ်တွေဆောင်းပါးတွေကိုဖတ်ရှုပေးခြင်းဟာ သင့်ရဲ့ business English level ကိုမြှင့်တင်ဖို့အရေးပါတဲ့နည်းလမ်းပါ။ဒီအချက်ဟာသင့်အတွက် customer နဲ့စကားပြောရာမှာဖြစ်စေ မိမိရဲ့အထက်လူကြီးနဲ့ပြောဆိုရာမှာဖြစ်စေ သင့်ရဲ့အရည်အချင်းကိုဖော်ပြနိုင်မှာပါ။
3)English စာကိုအထောက်အကူပြုတဲ့ Game တွေနဲ့လေ့ကျင့်ပါ
ဒီနေရာမှာ Game ဆိုတာ Crosswords(စကားလုံးပဟေဠိ) တွေကိုဆိုလိုတာပါ။Game ဆိုတဲ့အတိုင်းမိမိစိတ်ကိုပျော်ရွှင်စေတဲ့အပြင် သေသေချာချာဂရုစိုက်ပြီးရှာဖွေချင်စိတ်ရှိတာကြောင့် သင့်ရဲ့ ဝေါဟာရစွမ်းရည်းကိုတိုးတက်ဖို့အကူအညီပေးနိုင်ပါတယ်။ယခုခေတ်မှာ Mobile application game တွေအများအပြားရှိပြီး စီးပွားရေးနဲ့သက်ဆိုင်တဲ့ဝေါဟာရ တွေဆက်စပ်ပြီးရှာဖွေတွေးတောရတဲ့ Game တွေ Technology နဲ့ပက်သက်တဲ့ Game စသဖြင့်လေ့လာစူးစမ်းဖို့အမြောက်အမြားရှိပါတယ်။သင့်ရဲ့လုပ်ငန်းခွင်နဲ့ပက်သက်တဲ့ English ဝေါဟာရ Game တွေရှာရခက်ပါက Free အသုံးပြုလို့ရတဲ့ Free word search puzzle generator ကနေတစ်ဆင့်အသုံးပြုလို့ရပါတယ်။
4)Englishလိုဖော်ပြထားတဲ့စီးပွားရေးကိုအသားပေးတဲ့ Program တွေကိုကြည့်ရှုပါ
English လိုဖော်ပြထားတဲ့စီးပွားရေးနဲ့ပက်သက်တဲ့အကြောင်းအရာတွေကိုအဓိကဖော်ပြတဲ့ အစီအစဉ် program တွေကြည့်ရှုလေ့လာခြင်းဟာ လုပ်ငန်းခွင်သုံး English စာကိုတိုးတက်စေဖို့အကောင်းဆုံးနည်းလမ်းပါ။ဘာကြောင့်လဲဆိုတော့ အဆိုပါအစီအစဉ်တွေမှာ Business အတွက် အဓိက key language တွေကို အကြိမ်ကြိမ်ပြောတဲ့အပြင် မှန်ကန်မှုရှိတာကြောင့်ပဲဖြစ်ပါတယ်။အဆိုပါအစီအစဉ်တွေမှာပါဝင်တဲ့သူတွေဟာ အထူးသဖြင့်စီးပွားရေးနယ်ပယ်မှာကျွမ်းကျင်သူတွေ အောင်မြင်နေတဲ့သူတွေပဲအသားပေးဖော်ပြတာကြောင့် အဖိုးတန်တဲ့အချက်အလက်တွေသာမက သင့်ရဲ့ လုပ်ငန်းခွင်သုံး English စာကို professional တွေကနေတစ်ဆင့်လေ့လာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အဆိုပါအစီအစဉ်တွေကိုနားထောင်ခြင်းဖြစ်စေ ကြည့်ရှုခြင်းဖြစ်စေ လုပ်ငန်းခွင်သုံး English စကားကိုအကျွမ်းတဝင်ဖြစ်လာပြီး အသံထွက်တွေ သဒ္ဒါတွေကိုပါမှန်မှန်ကန်ကန်ပြောဆိုလာနိုင်မှာဖြစ်ပါတယ်။
5)လက်တွေ့အသုံးချပါ
နောက်ဆုံးအဓိကအချက်ကတော့ ကိုယ်တိုင်လက်တွေ့လေ့ကျင့်ဖို့ပါ။သင်လေ့လာခဲ့သမျှကိုသင့်ရဲ့လက်ရှိနေ့စဉ်လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချတတ်ဖို့အရေးကြီးပါတယ်။ဒါမှသာ သင့်ရဲ့လေ့လာခဲ့သမျှစွမ်းရည်ကိုတိုးတက်စေမှာဖြစ်ပြီး အလေ့အကျင့်ကောင်းရစေမှာဖြစ်ပါတယ်။သင်လေ့လာထားသမျှစကားပြော conversation တွေ ဝေါဟာရတွေကိုသင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ်သင်နဲ့သက်တူရွယ်တူတိုင်ပင်ဖော်တိုင်ပင်ဖက်သူတွေနဲ့ဖြစ်စေလက်တွေ့အသုံးချပြောဆို ရေးသားပါ။Presentation တွေမှာဖြစ်စေ meeting မှာဖြစ်စေလုပ်ငန်းခွင်နဲ့ပက်သက်ပြီးလေ့လာထားတဲ့ English ဝေါဟာရအသုံးအနှုန်းတွေကိုတင်ပြချက်များမှာအသုံးပြုပြီးလက်တွေ့အသုံးချပါ။ Business writing တွေ email writing တွေကနေတစ်ဆင့်လဲ လက်တွေ့အသုံးချရေးသားလို့ရပါတယ်။
ယခုဖော်ပြထားတွေနည်းလမ်းတွေကနေ သင့်ရဲ့ဘဝတက်လမ်းကိုအထောက်အကူပြုဖို့အတွက်လိုအပ်တဲ့ Business English ကိုအလျင်အမြန်လွယ်လွယ်ကူကူလေ့လာလို့ရစေဖို့ရည်ရွယ်ပြီးဖော်ပြပေးလိုက်ရပါတယ်။