logo
myanmar
Instagram မှာ Account Transparency Tool ကိုထည့်သွင်းဖို့ပြုလုပ်

Instagram မှာ Account Transparency Tool ကိုထည့်သွင်းဖို့ပြုလုပ်

30 Aug 2018

Social Media Marketing နယ်ပယ်မှာ Instagram ဟာလည်း စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်လာတဲ့
Social Network တစ်ခုဖြစ်လာပါတယ်။ Instagram ဟာ Tools တွေကို အများအပြားထည့်သွင်းလာတဲ့တစ်လျှောက် ယခုတစ်ခေါက်မှာတော့ Account Transparency Tool ကိုထပ်မံထည့်သွင်းဖို့ပြုလုပ်နေ ပါတယ်။ ဒီ Tool လေးကတော့ Instagram Account တွေမှာ “ About This Account “ ဆိုတဲ့ Option လေးမှာ ထိုအကောင့်ကို ဘယ်တုန်းက စတင်ပြုလုပ်တာလဲ၊ ဘယ်နိုင်ငံကလဲ အစရှိတဲ့ Information တွေကိုလေ့လာနိုင်မှာပဲဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် အဓိကထားပြီး ထည့်သွင်းဖို့ပြုလုပ်နေတယ်လို့ ယူဆလို့ရပါတယ်။ လုပ်ငန်းတူ စီးပွားရေးလုပ်နေတဲ့ Company (၂) ခုမှာ တစ်ခုက Followers များပြီးတိကျတဲ့ Information တွေနဲ့ မှန်မှန် ကန်ကန်လုပ်ကိုင်နေပြီး၊ နောက်တစ်ခုကလည်း Follower တော့ များပါတယ် ဒါပေမဲ့ စီးပွားရေးလုပ်ကိုင်တဲ့နေရာမှာ တိကျတဲ့ Information တွေမရှိ ဘူးဆိုရင်တော့ Customer က Information တိတိကျကျနဲ့ လုပ်ကိုင်နေတဲ့ Company ကိုရွေးချယ်ဖို့ ၉၈% ရှိပါတယ်။ ဒီ Tool လေးဟာ သာမန် User တွေအတွက် အသုံးဝင်ရုံသာမက စီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အကူပြုလာမဲ့ Tool လေးတစ်ခု ဖြစ်လာမယ့်လို့ မြင်ယောင်မိပါတယ်။

Ref - socialmediatoday

Recent posts