logo
myanmar
Instagram မှာ Active Status Notifiers ထည့်သွင်း

Instagram မှာ Active Status Notifiers ထည့်သွင်း

26 Jul 2018

Real-time Connection ဟာ ယနေ့ခေတ် Social Media Platform ရဲ့ Engagement ရယူနိုင်မှုမှာတော်တော်ကိုအရေးပါတဲ့အချက်တစ်ချက်ဖြစ်လာပါတယ်။ Snapchat မှာဆိုရင် Snap Map ဆိုပြီး Active Userတွေကို ပြသထားပါတယ်။ LinkedIn မှာဆိုရင် Online မှာရှိနေတဲ့ User တွေကို Active Status ဆိုတဲ့ Icon လေးနဲ့ ပြထားပါတယ်။ Facebook မှာဆိုရင်တော့ သူ့ရဲ့ Main App တစ်ခုဖြစ်တဲ့ Messenger မှာ Online မှာရှိနေတဲ့သူတွေကို အစိမ်းရောင် Active ဆိုတာလေးနဲ့ ပြထားပါတယ်။ Real-time Connectionရှိထားတဲ့ Social Network တွေဟာ Social Media Platform တွေမှာ Engagement ပိုမိုရရှိလာကြပါ တယ်။ ဒီတော့ Instagram ကလည်း Active ဖြစ်နေတဲ့ User တွေကို သိရှိနိုင်ဖို့အတွက် Active Status Notifiers ကိုထည့်သွင်းလာခဲ့ပါတယ်။ သူကတော့ Messenger မှာလိုကဲ Active ဖြစ်နေတဲ့ Player ရဲ့ Profile နားမှာ အစိမ်းရောင် အလုံးလေးရှိနေပါတယ်။

Ref - socialmediatoday

Recent posts