Instagram ဟာ Facebook ရဲ့ Reaction Style Emoji Response Option ကို Instagram ရဲ့ Stories Option မှာအသုံးပြုနိုင်အောင် ထည့်သွင်းခဲ့ပါတယ်။ ဒီအချက်ကတော့ Post တွေမှာ Stories Viewer တွေရဲ့ Engagement ကိုပိုမိုရရှိစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ Angry Reaction မပါတာပဲဖြစ်ပါတယ်၊ ဟဲဟဲ ဒီတစ်ချက်တော့ ကိုမကြိုက်တဲ့ Post တွေကိုဆိုရင် Angry ပေးလို့မရတော့ဘူးပေါ့။ Angry Reaction နေရာမှာပေးချင်တယ်ဆိုရင်တော့ Flame Reaction လေးတော့ ရှိပါတယ်။ ဒီ Instagram Stories မှာ အသုံးပြုနိုင်မဲ့ Reaction လေးတွေကတော့ Clap, Haha, Love, Wow, Sad And Flame တို့ဖြစ်ပါတယ်။
တကယ်ဆိုရင်ဒီအချက်လေးဟာ ကြီးကြီးမားမား ထိရောက်မှုမရှိပေးမဲ့၊ Instagram User တွေအတွက်တော့အပြောင်းအလဲလေးတစ်ခုဖြစ်တဲ့အတွက် User တွေရဲ့ Engagement တော့ရရှိနိုင်ပါတယ်။ သင်ဟာ Instagram မှာ လုပ်ငန်းတစ်ခုခု လုပ်ကိုင်နေတဲ့ သူဆိုရင် ဒီအချက်လေးက သင့်ရဲ့ Brand အတွက် Engagement ပိုမိုရရှိလာနိုင်တဲ့ အတွက် Instagram မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေအတွက်တော့ အကျိုးရှိလာမယ့်အချက်လေးဖြစ်လာနိုင်ပါတယ်။
Ref – socialmediatoday