Instagram ယခုတစ်ခေါက်စမ်းသပ်နေတဲ့ Option အသစ်တစ်ခုကတော့ Instagram ပေါ်မှာ Business Run နေတဲ့ လုပ်ငန်းတွေအတွက် တော်တော်လေးကို အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဒါကဘာလဲဆိုရင်တော့ Professional Account တွေအတွက် In-App Schedule Tool ကိုထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
Overview အနေနဲ့ သင် Schedule လုပ်ပြီးတင်ချင်တဲ့ Post တွေဖြစ်တဲ့ Photos, Carousel နဲ့ Reels တွေကို App အတွင်းကနေပဲ တိုက်ရိုက် Schedule လုပ်လို့ရသွားမှာဖြစ်တဲ့အတွက် အခြား Tools တွေဆီကို သွားပြီးပြုလုပ်နေစရာမလိုတော့ပါဘူး။ ဒီအချက်က Business Run နေတဲ့ လုပ်ငန်းတွေ အတွက်ဆိုရင် တော်တော်လေးကို အချိန်ကုန်သက်သာစေပါတယ်။
ဒီ Tool ကတော့ Post Creation Flow မှာ Share Button ကိုမနှိပ်ခင်မှာ –
– ‘Advance Setting’ ဆိုတာကို နှိပ်ပါ
– ‘Schedule This Post’ ဆိုတာကိုနှိပ်ပါ
– ကိုယ်သတ်မှတ်ချင်တဲ့ Date and Time ကိုရွေးပါ
– ‘Schedule’ ကိုနှိပ်ပါ
ဒီအချက်တွေကို လုပ်ဆောင်ပြီးသွားရင်တော့ သင် Schedule လုပ်ဆောင်ချက် အောင်မြင်သွားမှာ ဖြစ်ပါတယ်။ ကြိုတင်ပြီး တင်ထားချင်တဲ့ Post တွေကို လွယ်ကူပြီးမြောက်စွာ တင်ထားနိုင်မှာလည်း ဖြစ်ပါတယ်။