Instagram ရဲ့ Testing တွေအရ Video Content ကိုလည်းပိုပြီး အရေးပေးချင်တဲ့ သဘောမှာရှိတယ်လို့ယူဆနိုင်ပါတယ်။ အခုစမ်းသပ်နေတာလေးကတော့ Instagram စာမျက်နှာပေါ်မှာတင်ထားတဲ့ Video တွေကိုTag လုပ်နိုင်အောင်ပဲဖြစ်ပါတယ်။ ဒီတစ်ချက်ကတော့ Video ရဲ့ ပြန်နှံ့မှုကိုမြန်စေမှာဖြစ်ပြီး၊ Engagement လည်းပိုမိုရရှိလာနိုင်ပါတယ်။

User တစ်ယောက်တင်ထားတဲ့ Video တစ်ခုမှာ User အပါအဝင်သူ့ရဲ့သူငယ်ချင်းတွေပါ ပါဝင်နေပြီး အဲ့ဒီ User က Tag လုပ်ထားခြင်းမရှိပါက ထို Video ဟာ Engagement ရသင့်သလောက်တော့မှာပါ။ ဒါပေမဲ့ အဲ့ဒီ User ကသာ သူ့ သူငယ်ချင်းတွေကို Tag လုပ်ပြီးတင်ထားမယ်ဆိုရင် တော့ တော်တေ်ာလေးကို ပျံ့နှ့ံ သွားမှာဖြစ်ပြီး Engagement ဟာလည်း တော်တော်များများကိုရရှိသွားနိုင်မှာပဲဖြစ်ပါတယ်။ အဲ့ဒီ Video က သာလူကြိုက်များပြီး Quality ကောင်းတဲ့ Video တစ်ခုဖြစ်ခဲ့မယ်ဆိုရင် နာမည်တောင်ကြီးသွားနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ Video ကိုတာ Tag မလုပ်ပဲတင်ခဲ့မယ်ဆိုရင် ပျံ့နှံ့သင့်သလောက် မပျံ့နှံ့တော့ပဲ User ရဲ့ပတ်ဝန်း ကျင်လောက်မှာပဲရှိနေမှာဖြစ်ပါတယ်။ Social Media မှာပျံ့နှ့ံမှု အရမ်းမြန်တဲ့အတွက် ဒီလိုကောင်းတဲ့ အရာ တစ်ခု နာမည်ကြီးသင့်တဲ့ အရာတစ်ခုအတွက် နစ်နာမှုတွေဖြစ်သွားနိုင်ပါတယ်။ တစ်ခုတော့ရှိပါတယ် တင်လိုက်တဲ့ Video ဟာ အပြစ်ပြောစရာ Video တစ်ခုဖြစ်နေမယ်ဆိုရင်လည်း အရမ်းပျံ့နှ့ံမှုမြန်သွားမှာ Social Media မှာ မကောင်းတဲ့ဟာက ကောင်းတဲ့ဟာထက် ပျံ့နှ့ံမှုပိုမြန်တယ်ဆိုတာကိုတော့ သတိပြုစေ ချင်ပါတယ်။

Video Tagging ဟာ Video Content တွေရဲ့ Engagement ကိုပိုမိုကောင်းမွန်လာစေမဲ့ ရည်ရွယ်ချက်နဲ့ Instagram ကစမ်းသပ်နေတယ်လို့ ယူဆလို့ရပါတယ်။ နောက်ပြီးတော့ ဒီစမ်းသပ်မှုဟာလည်း Instagram က အချိန်ကန့်သတ်ပြီး ပြုလုပ်နေတာဖြစ်တဲ့ အတွက် အတည်ပြုမပြုကိုတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons