04 Jun 2019
Apple ချစ်သူတွေ စောင့်မျှော်နေတဲ့ iOS 13 ကို WWDC 2019 မှာ မိတ်ဆက်ပေးခဲ့တဲ့ Feature သစ်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Apple User တွေကို ဘယ်လို Feature တွေက ရင်ခုန်စေမလဲဆိုတာကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်…
- iOS 12 မှာ စတင် မိတ်ဆက်ပေးခဲ့တဲ့ Dark Mode ထက်ပိုပြီး Smart ဖြစ်တဲ့ Dark Mode ကို iOS 13 မှာမိတ်ဆက်ပေးခဲ့ပါတယ်။ iOS 13 ရဲ့ Dard Mode က ညဘက်မှာ အကောင်းဆုံး Performance ကို ပေးမယ့် Dark Mode တစ်ခုဖြစ်ပါတယ်။
- Photos Editing Tool တွေဟာဆိုရင်လည်း iOS 13 မှာ အရင်ကထက် ပိုပြီး အသုံးပြုရလွယ်လာပြီး Portrait Lighting Adjustment Feature ပါဝင်လာပြီး၊ Photos Editing Tool တွေနဲ့ Video တွေကိုပါ Edit လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Photo App ရဲ့ UI(User Interface) ကလဲ အရင်ကနဲ့ မတူတော့ပဲ ပိုပြီး Smart ဖြစ်လာတာကို တွေ့ရပါတယ်။
- နောက်ထပ် မိုက်တဲ့ Feature တစ်ခုကတော့ iOS 13 မှာပါတဲ့ "Find My" ဆိုတဲ့ App ကတော့ Find My iPhone နဲ့ Find My Friends ဆိုကို ပေါင်းထားတဲ့ App ဖြစ်ပြီး၊ သင်တို့ရဲ့ Devices တွေက Offline ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ Bluetooth နဲ့ တခြား iOS Device တွေအနီးအနားမှာ ရှိခဲ့မယ်ဆိုရင် Track လုပ်နိုင်မှာ ဖြစ်ပါတယ်။ Map App ရဲ့ UI က အရင်ကထက် ပိုပြီး Smart ဖြစ်လာတာကို တွေ့ရပါတယ်။
- Performance ပိုင်းမှာဆိုရင် iOS 13 မှာဆိုရင် App Launch Time က iOS 12 ထက် ၂ ဆ ပိုမြန်လာပြီး၊ Face ID ဖွင့်တဲ့ အချိန်က အရင်ကထက် ၃၀% ပိုမြန်လာပါတယ်။ App Download Size တွေကိုလည်း ၅၀% အထိ လျှော့ချပေးထားပါတယ်။
-Apple က User Data တွေအတွက် Privacy ကို အရမ်းဂရုစိုက်ပေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ အတွက် iOS 13 မှာ Sign in with Apple ဆိုတဲ့ Feature သစ်တစ်ခုကိုလည်း ထည့်ပေးထားလိုက်ပါတယ်။ App တွေ Website တွေကို Sign In လုပ်ခဲ့ရင် Data ပေါက်ကြားမှုတွေ မဖြစ်ပေါ်ဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Feature ကိုကတော့ Apple ID, Face ID တို့နဲ့ တွဲဖက် အသုံးပြုရမှာဖြစ်ပါတယ်။
-iOS 13 မှာ octopus, cow နဲ့ octopus ဆိုတဲ့ Animoji အသစ် ၃ ခု ပါဝင်လာမှာ ဖြစ်ပြီး၊ Face ID ပါတဲ့ iOS Devices တွေအတွက် သတင်းကောင်း တစ်ခုကတော့ Memoji တွေကို iOS Build-In Keyboard မှာ Sticker Pack တစ်ခုအနေနဲ့ သုံးနိုင်မှာ ဖြစ်တဲ့အတွက် Message, Mail တို့တွေမှာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ Memoji မှာဆိုရင်လည်း Character သစ်တွေ အများကြီး ထည့်သွင်းပေးထားပါသေးတယ်။
- အခြားပြောင်းလဲမှုတွေရှိတဲ့ Features တွေကတော့ Reminders, Messages, Siri, CarPlay, HomePod, Notes အစရှိတဲ့ Build-In App တွေပဲ ဖြစ်ပါတယ်။ iOS 13 ကို Support ပေးမယ့် iOS Devices တွေကတော့…
iPhones
iPhone SE, iPhone 6s/6s Plus, iPhone 7/7 Plus, iPhone 8/8 Plus, iPhone X, iPhone XR, iPhone XS/XS Max
iPads
iPad mini 4, iPad mini 5, iPad Air 2, iPad Air 3, iPad 5th generation, iPad 6th generation, 9.7-in iPad Pro, 10.5-in iPad Pro, 11-in iPad Pro, 12.9-in iPad Pro 1st, 12.9-in iPad Pro 2nd, 12.9-in iPad Pro 3rd
iPod
iPod touch 7th generation
ဒီ iOS 13 ကိုတော့ September မှာ Officially သုံးနိုင်မှာ ဖြစ်ပြီး Beta Version ကိုတော့ အခုချိန်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Beta Version ဖြစ်တဲ့ အတွက် Bug တော့အနည်းငယ် ရှိနိုင်ပါတယ်။ Officially ကိုမှသုံးချင်တယ် ဆိုတဲ့ User တွေကတော့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးဖို့ လိုပါတယ်။
Ref - apple, macrumors