26 Apr 2018
ဒီတစ်ပတ်မှာ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာကျော် Smart Phone Brand တွေဖြစ်တဲ့ Apple နဲ့ Samsung တို့ရဲ့ နှိုင်းယှဉ်ချက်ဖြစ်ပါတယ်။ နှိုင်းယှဉ်ပြပေးမယ့် Phone Model တွေကတော့ iPhone X နဲ့ Samsung Galaxy S9 တို့ ဖြစ်ပါတယ်။
Processor
Apple iPhone X မှာသုံးတဲ့ Processor က Apple A11 Bionic Chipset Hexa Core ဖြစ်ပြီး Samsung မှာတော့ Exynos 9 Octa 9810 Chipset Octa core အမျိုးအစားကို အသုံးပြုပါတယ်။
RAM
iPhone X မှာ က 3 GB ပါရှိပြီး Galaxy S9 မှာက 4 GB ပါရှိပါတယ်။
Operating System
Operating System ကတော့ iPhone X မှာ Apple ရဲ့ iOS v11.0.1 ဖြစ်ပြီး Galaxy S9 မှာ Android v8.0 (Oreo) ကို သုံးထားပါတယ်။
Storage
Storage မှာ ဖုန်း ၂ မျိုးလုံးက 64/128/256 GB ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ Galaxy Note 8 မှာတော့ Internal Memory အပြင် External Memory Card ကိုလည်း 256 GB အထိ support ပေးပါတယ်။
Charging
ဖုန်း ၂ မျိုးလုံးက Quick Charging ကို support ပေးပါတယ်။
Network and Sim Support
Sim Card ကတော့ iPhone တွေရဲ့ ထုံးစံအတိုင်း Dual Sim ကို support မပေးပါဘူး။ Galaxy S9 မှာကတော့ Dual Sim ရပါတယ်။ ဖုန်း ၂ မျိုးလုံး 4G support ပေးပြီး Nano Sim အရွယ်အစားကို အသုံးပြုရမှာဖြစ်ပါတယ်။
Display
iPhone X ကို OLED Display နဲ့ ဖွဲ့စည်းထားပြီး 463 ppi 1125 x 2436 pixels ရှိပါတယ်။ Galaxy S9 ကတော့ Super AMOLED ဖြစ်ပြီး 568 ppi 1440 x 2960 pixels ရှိပါတယ်။ ဖုန်း ၂ မျိုးလုံး5.8 inches (14.73 cm) Screen Size ရှိပါတယ်။
Sensors
ဖုန်း ၂ မျိုးလုံးမှာ Light sensor, Proximity sensor, Accelerometer, Barometer, Compass, Gyroscope ပါဝင်ပါတယ်။ iPhone X မှာတော့ Fingerprint Sensor အစား Face ID ကိုထည့်ထားပါတယ်။ Galaxy S9 ကတော့ Fingerprint Sensor ပါဝင်ဆဲပါ။
Waterproof and Dust Proof
ဖုန်း ၂ လုံးစလုံး Dust Proof ဖြစ်ပြီး Water Resistant မှာတော့ Galaxy Note 8 က သာပါတယ်။ iPhone X က IP67 ဖြစ်ပြီး Galaxy S9 က IP68 ဖြစ်ပါတယ်။ Galaxy S9 အား ရေအနက် ၁ မီတာခွဲမှာ နာရီဝက်အထိ ခံနိုင်ရည်ရှိပါတယ်။
Storage
Storage မှာ ဖုန်း ၂ မျိုးလုံးက 64/128/256 GB ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ Galaxy S9 မှာတော့ Internal Memory အပြင် External Memory Card ကိုလည်း 256 GB အထိ support ပေးပါတယ်။
Price
ဈေးနှုန်းကတော့ ဖုန်း ၂ မျိုးလုံး စစထွက်ချင်းမှာ ၁၅ သိန်း မှ ၁၈ သိန်း အထိပေါက်ဈေးရှိပြီး လက်ရှိမှာတော့ နဂိုထက်လျော့နည်းတဲ့ဈေးနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Ref: Gadget Snow