logo
myanmar
Website Design Trend တွေလေ့လာနေသူတွေအတွက် သိထားသင့်တဲ့ အရာများ

Website Design Trend တွေလေ့လာနေသူတွေအတွက် သိထားသင့်တဲ့ အရာများ

26 Oct 2022

Website တွေအောင်မြင်လာဖို့အတွက်ဆိုရင် Web Design ကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ Website ကို Structure ကောင်းကောင်းနဲ့ ဆောက်ထားပေမဲ့ Design က လိုက်ဖက်မှု မရှိနေဘူးဆိုရင် Visitor တွေက ကိုယ့်ရဲ့ Website ကိုကျော်သွားတတ်ကြပါတယ်။ ဒါကြောင့် Trend ဖြစ်လာမတဲ့ Web Design Trend တွေကို အနည်းငယ် ဝေမျှပေးလိုက်ပါတယ်…




Animation နဲ့ Motion Effect ပါတဲ့ Website တွေက ကိုယ့်ရဲ့ Brand တွေကို Introduce ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ Story ကိုလည်း Confident ရှိရှိ ဖော်ပြသွားနိုင်ပါသေးတယ်။




Photography နဲ့ Graphic တွေပါတဲ့ Website တွေကတော့ Visitor တွေရဲ့ အမြင်မှာ Fun ဖြစ်စေတဲ့အတွက် ဝင်ကြည့်ချင်စိတ်ကို ပိုပြီးဖြစ်စေပါတယ်။




3D Elements တွေကိုသုံးထားတဲ့ Website ကတော့ User Experience ကို ကောင်းကောင်း Enhancement လုပ်နိုင်ပါတယ်။




Maxi Typography တွေနဲ့ Website တွေကတော့ ကိုယ့် Website ကပေးချင်တဲ့ Message ကို အခိုင်အမာ ပေးနိုင်ပါတယ်။




Gradients Design ကိုဦးစားပေးတဲ့ Website တွေကတော့ Branding အတွက် Perfect Solution ပေးနိုင်ပါတယ်။




Vintage Style နဲ့ တည်ဆောက်ထားတဲ့ Website တွေကတော့ ရှေးဆန်တဲ့ Design ပုံစံကို ပေးဆောင်နိုင်ပါတယ်။




Dark Mode ဆန်ဆန်တည်ဆောက်ထားတဲ့ Website တွေကတော့ Modern Design ဆန်ပြီး Website မှာဖော်ပြချင်တဲ့ အဓိကအပိုင်းတွေကို ကောင်းကောင်း Pop Out လုပ်နိုင်ပါတယ်။




ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Website ရှိပြီးသား လုပ်ငန်းတွေအနေနဲ့လည်း လိုအပ်တဲ့ အပိုင်းတွေကိုပြန်လည် ပြင်ဆင်နိုင်ပါတယ်။ Website ဆောက်ဖို့ ရည်ရွယ်ထားတဲ့သူတွေအနေနဲ့တော့ ဒီအချက်တွေကို လေ့လာသုံးသပ်ပြီး မိမိဆောက်ချင်တဲ့ Website Design ကို ပုံဖော်လို့ရပါတယ်။


Recent posts