20 Jul 2018
LinkedIn ဟာသူ့ရဲ့ Platform မှာ Content Creation နဲ့ Sharing တွေတိုးတက်စေရန်အတွက် Tools အသစ် နှစ်ခုကိုထည့်သွင်းခဲ့ပါတယ်။ ဒီလို Tools အသစ်လေးတွေထည့်သွင်းထားခြင်းအားဖြင့် Social Media Platform မှာ ရှိခဲ့တဲ့အားနည်းချက်လေးတွေကို ပြန်လည်ပြုပြင်တဲ့ သဘောအဖြစ် LinkedIn က ပြုလုပ်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
ပထမ Tools တစ်ခုအနေနဲ့ LinkedIn Platform မှာ အရင်က Video တင်တဲ့အခါမှာ အခြား Feature လေး တွေထည့်သုံးလို့မရခဲ့ပါဘူး၊ ယခု အချိန်မှာဆိုရင်တော့ Video တင်တဲ့အခါမှာ Caption လေးတွေရေးပြီးတင်နိုင်နေပါပြီ။ User တွေဟာသာမန်ဘာမှမပါတဲ့ Video တစ်ခုကိုကြည့်ရခြင်းထက် ဒီလို Caption လေးတွေ ရေးထိုးထား တဲ့ Video လေးတွေကိုကြည့်ရခြင်းကို ပိုမိုနှစ်သက်ကြပါတယ်။ ဒီအချက်လေးဟာ LinkedIn မှာ မြန်မြန်ဆန်ဆန်ပဲ အသုံးပြုမှုများလာခဲ့ပါတယ်။ ဘယ်လိုအသုံးပြုမှုများလာခဲ့လဲ ဆိုတော့ LinkedIn User တွေရဲ့ Video Sharing တွေဟာ အခြားအမျိုးအစား Post တွေထက်အဆ (၂၀) ထိတောင် ရှိလာခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် LinkedIn Platform မှာ Video Marketing အသုံးပြုပြီးလုပ်ကိုင်နေတဲ့ Business တွေအတွက်တော့ ကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်နိုင်ပါတယ်။
ဒုတိယ Tools လေးကတော့ Content တွေထဲမှာသင်နှစ်သက်တဲ့ စာကြောင်း/စာပိုဒ်တို့ကို Highlight လုပ်ပြီး Draft လုပ်ထားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင် Select မှတ်လိုက်ပြီးဆိုရင် Share on LinkedIn ဆိုပေါ်လာတာပါ။ ဒီတော့သင်ရုတ်တရက် စိတ်ဝင်စားနှစ်သက်တဲ့ စာကြောင်းလေးတွေ့ခဲ့မယ်ဆိုရင် Select မှတ်ပြီး LinkedIn မှာ ချက်ချင်းသွားသိမ်းထားလို့ရပါတယ်၊ မသိမ်းထားပဲ Sharing လုပ်ချင်တယ်ဆိုရင်လည်း ပြုလုပ်နိုင်ပါတယ်။
ဒါကြောင့်မို့ LinkedIn User တွေအတွက် ဒီ Tools အသစ်လေးတွေဟာ အသုံးဝင်မဲ့ Tools လေးတွေဖြစ်မယ်လို့ မျှော်လင့်ပါတယ်။