
Covid 19 ကြောင့်အိမ်ပြင်ထွက်ဖို့ အခက်အခဲဖြစ်နေတဲ့အခိုက်အတန့်မှာ… အိမ်ထဲမှာပဲအေးဆေးနေတော့မယ်၊ အိမ်ကနေပဲ အလုပ်လုပ်ရမယ်ဆိုတဲ့သူတွေအတွက် အကြောင်းအရာတစ်ခုကို ဝေမျှပေးပါမယ်။ ဒါကတော့ ဖုန်းတွေထဲမှာ သီချင်းနားထောင်တဲ့ အချိန်တွေဆိုရင် Lyric တွေဖတ်ပြီး နားထောင်ရတာ ဝါသနာပါတဲ့ သူဆိုရင် အခုဖော်ပြမယ့် အကြောင်းအရာကို သေချာဖတ်သင့်ပါတယ်။ iPhone တွေမှာ သီချင်းနားထောင်ရင် Lyric တွေဘယ်လို ဖတ်လို့ရအောင် လုပ်နိုင်မလဲဆိုရင်တော့…
Musixmatch – Lyrics & Music
ဒီ App ကို App Store မှာ Free Download ပြုလုပ်နိုင်ပါတယ်။ အသုံးပြုပုံကတော့…
Step 1 – App ကို Download ပြုလုပ်ပြီးလို့ အထဲကိုဝင်လိုက်ရင် “Enable Now” ဆိုတဲ့စာတန်းကို တွေ့ပါလိမ့်မယ်။ “Enable Now” ကိုနှိပ်ပေးပါ။
Step 2 – “Enable Now” ကိုနှိပ်ပြီးတာနဲ့ App Music Library ရဲ့ Permission ကို “Allow” လုပ်ပေးပါ။
Step 3 – အထက်ပါအချက်တွေကို လုပ်ပြီးသွားရင်တော့ Musixmatch ထဲမှာ သီချင်းတွေဝင်လာပြီး Automatic Lyric တွေဝင်လာပြီး မိတ်ဆွေနှစ်သက်တဲ့ သီချင်းတွေကို Lyric နဲ့အတူခံစား နိုင်ပါပြီ။
Musixmatch နဲ့ ပုံစံတူတဲ့ App Store မှာ Rating ကောင်းတွေပိုင်ဆိုင်ထားတဲ့ Automatic Lyric App အချို့ကိုလည်း ဖော်ပြပေးချင်ပါတယ်…
Lyrics Mania
ဒီ App က Smart ဖြစ်တဲ့ Lyric App တစ်ခုဖြစ်ပါပြီး MusicID Functionality နဲ့ Identified လုပ်ပေးပြီး Lyric တွေကို Automatic လုပ်ပေးပါတယ်။ သီချင်းနဲ့ သက်ဆိုင်တဲ့ Artist, Title, Full Lyric တွေကိုလုပ်ဆောင်ပေးပါ သေးတယ်။ iPhone in-app Music နဲ့ Spotify တို့နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။
Genius
ဒီ App ကတော့ build-in music player မဟုတ်ပါဘူး။ သူ့ရဲ့ Lyric လုပ်ဆောင်ပုံက သီချင်းကို Music ထဲကဖွင့်ပြီး နောက်ထပ် Genius ကိုဖွင့်ထားမယ်ဆိုရင် Genius ထဲမှာ Lyric တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ App ၂ ခုဖွင့်ရတယ် ဆိုပေမယ့် အရမ်းအလုပ်ရှုပ်တဲ့ အထဲမှာတော့ မပါဝင်ပါဘူး။ Genius Account ကို သီးသန့်ဖွင့်နိုင်သလို Google, Facebook, Twitter အကောင့်တွေနဲ့လည်း Account ဖွင့်နိုင်ပါသေးတယ်။
SoundHound
ဒီ App ကအခြေခံအားဖြင့် iPhone Music App နဲ့သဏ္ဍာန်တူ App တစ်ခုဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်က Shazam App နဲ့လည်း ခပ်ဆင်ဆင်ရှိပါတယ်။ SoundHound ကတော့ သီချင်းနဲ့ သက်ဆိုင်တဲ့ Artist, Album, Title, Lyric တွေကို ပြုလုပ်ပေးပါတယ်။ နောက်ထပ်တွဲဖက် သုံးနိုင်မယ့် Apple Music, Spotify, Google Play Music နဲ့ Youtube တို့မှာ ဒီ App ကိုအသုံးပြုလို့ ရပါတယ်။
ဒါကတော့ iPhone မှာ သီချင်းတွေကို Lyric နဲ့အတူအေးဆေး နားထောင်နိုင်ဖို့ ပြုလုပ်နည်းနဲ့ Application အချို့တို့ပဲ ဖြစ်ပါတယ်။ Android Phone တွေအတွက် နည်းလမ်းတွေကိုလည်း ဖော်ပြပေးသွားပါမယ်။