ဒီတစ်ခေါက်မှာတော့ Long-Tail Keywords က SEO အတွက်ဘယ်လောက်အရေးပါလဲ ဆိုတဲ့အကြောင်းအရာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်… SEO အတွက် Long -Tail Keyword တွေဟာ Powerful ဖြစ်ပြီး ထိရောက်ပါတယ်။ 70% သောရှာဖွေသူတွေဟာ Long -Tail Keywords တွေကိုအသုံးပြုပြီးရှာဖွေတာများပါတယ်။ သင့်ရဲ့ SEO Strategy အတွက် Long-Tail Keywords ရဲ့အရေးကြီးရတဲ့အကြောင်းအရင်းနဲ့ ဘာကြောင့် Focus ပိုလုပ်သင့်လဲဆိုတာကိုဖော်ပြပေးချင်ပါတယ်။

 

Short keywords တွေဟာ အသုံးပြုမှုများတဲ့အတွက် အလွန်ပဲ Competition မြင့်မားပါတယ်။ အပြိုင်အဆိုင်များတဲ့အတွက် Ranking မြင့်ဖို့လုပ်ရတာခက်ခဲပါတယ်။ ဒါကြောင့် Website ရဲ့ SERPs ( Search Engine Result Pages) မှာထိပ်ဆုံးရောက်ဖို့ အရမ်းကိုအားထုတ်ရပါတယ်။ ယှဉ်ကြည်တဲ့ အခါမှာ Long-Tail Keywords တွေမှာတော့ သိသိသာသာကိုယှဉ်ပြိုင်မှု လျော့နည်းပါတယ်။ ထပ်ပြောရမယ်ဆိုရင်တော့ Long-Tail Keywords ဟာဆိုရင် ရှာဖွေလိုတဲ့အကြောင်းအရာကို တိတိကျကျဖော်ပြနိုင်တဲ့အတွက် Audience တွေရှာဖွေရာမှာပိုမိုလွယ်ကူစေပါတယ်။ဒါကြောင့် ပြိုင်ဘက်နည်းပြီး SEO အတွက်ပိုမိုထိရောက်စေပါတယ်။

 

Google ရဲ့ Target ကလည်း User တွေကို Search လုပ်တဲ့အခါ  Information အတိအကျနဲ့ ရှာဖွေစေချင်တာပါ။ ဥပမာ – ပြောရရင် User တွေဟာများသောအားဖြင့် SEO လို့ Keyword တလုံးထဲရှာဖွေတာထက် “what are the main elements of SEO?” စသဖြင့် Keywords ကိုတိတိကျကျရေးပြီး ရှာဖွေတာများပါတယ်။ ဒါကြောင့် Audience တွေအသုံးပြုမှုများတဲ့ Keywords တွေကို Target ထားဖို့အရေးကြီးပါတယ်။ ဒါ့အပြင် 2018 အတွက် SEO Trends ဟာ Mobile Search Optimization ပါ။ Google ကတောင်မှ Mobile Device တွေအတွက် Page Title တွေရဲ့ Character Limit ကိုတိုးချဲ့ခဲ့ပါသေးတယ်။ ဒီအချက်ဟာဆိုရင် သင့်ရဲ့ Content Title မှာ Extra Words တွေထည့်သွင်းရှာဖွေနိုင်ပါသေးတယ်။

 

ယခုဖော်ပြသွားတဲ့အချက်တွေကတော့ Long-Tail Keywords တွေက SEO အတွက် ဘယ်လောက်အရေးပါသလဲဆိုတာပဲ ဖြစ်ပါတယ်။

 

Leave a Reply

social sharing buttons