ဒီခေတ်ထဲမှာ စီးပွားရေးကို ပိုပြီးတွင်ကျယ်စေချင်တယ်ဆိုရင် Digital Marketing ကိုအနည်းနဲ့အများတော့ သုံးသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Digital Marketing မှာပါဝင်တဲ့ Major Component တွေ အကြောင်းကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်…

 

Search Engine Optimization (SEO)

 

75% သောသူတွေဟာ သူတို့ရှာဖွေချင်တဲ့ Search Result နဲ့ပတ်သတ်ပြီး Search Engine မှာပေါ်လာတဲ့ First Page ကိုဘယ်တော့မှာ ကျော်မသွားတတ်ကြပါဘူး။ ဒါကြောင့် သင်တို့ လုပ်ငန်းရဲ့ Online Content တွေဟာ Search Engine ရဲ့ Ranking ထိပ်ပိုင်းမှာ ရှိနေဖို့က အလွန်အရေးကြီးပါတယ်။ ဒီလိုကိုယ်ရဲ့ Online Content တွေရှိနေတဲ့ Website ဟာ Ranking ထိပ်ပိုင်းရောက်နေဖို့ဆိုရင် Search Engine Optimization (SEO) ကို အသုံးပြုဖို့ လိုအပ်ပါတယ်။ Website Ranking ထိပ်ကိုရောက်နေပြီဆိုရင်တော့ Traffic တွေရရှိလာပြီး Qualified Leads တွေ Sale တွေပါ ရရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ 

 

Social Media Marketing

 

World Wide မှာ Social Media ကိုအသုံးပြုနေကြသူ အရေအတွက်ဟာဆိုရင် 2.3 Billion ရှိပါပြီ။ သင့်ရဲ့ လုပ်ငန်းဟာ Social Media Platform တစ်ခုမှာ မသုံးရသေးဘူးဆိုရင်…သင့်လုပ်ငန်းရဲ့ အဓိက Targeted Audience တွေရှိတဲ့ Social Media Platform တစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ Social Media က လုပ်ငန်းအတွက် Organic Audience တွေရရှိနိုင်တဲ့ Platform တစ်ခုလည်း ဖြစ်ပါတယ်။ 70% သော Survey အရဆိုရင်ဆိုရင် လုပ်ငန်းတွေမှာ လိုအပ်တဲ့ Customer Service အတွက် Social Media Platform တွေကို အသုံးပြုကြတာကို တွေ့ရပါတယ်။ 

 

Mobile Marketing 

 

Branded Text Message တွေရဲ့ Open Rate ဟာ 98% အထိရှိပါတယ်။ လူတိုင်းနီးပါး ဖုန်းတစ်လုံးစီ ရှိလာကြတဲ့ အချိန်မှာ Daily Essentials အသုံးပြုနေကြတဲ့အတွက် Mobile Marketing က Communication မြန်မြန်ပြုလုပ်နိုင်တဲ့အတွက် အမြန်ဆုံးထိရောက်တဲ့ Marketing လည်း တစ်ခုဖြစ်လာပါတယ်။ 

 

ဒီဖော်ပြပေးခဲ့တဲ့ Component တွေကတော့ Digital Marketing မှာ ပါဝင်တဲ့ Major Component တွေပဲ ဖြစ်ပါတယ်။ 

Leave a Reply

social sharing buttons