
မိတ်ဆွေ သင့်ရဲ့ Computer ဟာ Windows 10 ဆိုရင် အခုဖော်ပြမယ့် အကြောင်းအရာကို တစ်ချက်လောက် ဖတ်ကြည့်သင့်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ Computer Taskbar မှာ ကိုယ့်သုံးနေကျ Software တွေကို အထာကျကျ အလယ်မှာထားနိုင်မယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။ ကိုယ့်အလုပ်ဖော်တွေ၊ သူငယ်ချင်းတွေကြားထဲမှာ ကိုယ့်ရဲ့ Computer Screen က တမူထူးခြားနေမယ့် နည်းလမ်းလို့လည်း ပြောနိုင်ပါတယ်။ ဒီအကြောင်းအရာကို သိပြီးသားသူတွေရှိသလို၊ မသိသေးတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့်မသိသေးဘူးဆိုတဲ့ မိတ်ဆွေတွေ အတွက် အထာကျကျ Taskbar ဖန်တီးတဲ့နည်းလမ်းကို ဖော်ပြပေးပါမယ်…
အဆင့် (၁) Computer ရဲ့ Desktop Screen မှာ ကြိုက်နှစ်သက်ရာနာမည်နဲ့ Folder တစ်ခု Create လုပ်ထားပါ
အဆင့် (၂) သင့် Computer ရဲ့ Taskbar မှာ Right Click နှိပ်ပါ
အဆင့် (၃) Taskbar မှာ Right Click နှိပ်ပြီးရင် Toolbars > New Toolbar ကိုနှိပ်ပါ
အဆင့် (၄) New Toolbar ကိုနှိပ်ပြီးရင်တော့ Folder ရွေးခိုင်းပါမယ်၊ အဆင့် (၁) မှာ Create လုပ်ထားတဲ့ Folder ကိုရွေးပေးလိုက်ရင် ကိုယ်ပေးထားတဲ့ နာမည်နဲ့ Taskbar တစ်ခုပေါ်လာပါမယ်
အဆင့် (၅) အဲ့ဒီ Taskbar ကို Drag ဆွဲပြီး အလယ်မှာထားချင်ရင် Taskbar ပေါ်မှာ Right Click နှိပ်ပြီး Lock the taskbar ဆိုတာကို အမှန်ခြစ်ဖြုတ်ထားဖို့ လိုပါတယ်
အဆင့် (၆) သက်ဆိုင်ရာနာမည်နဲ့ Taskbar ပေါ်ကို ကိုယ့်ထားချင်တဲ့ Software Icon တွေကို သေချာ Drag လုပ်ပြီးထားနိုင်ပါတယ်။
အဆင့် (၇) နောက်ဆုံးအဆင့်အနေနဲ့ သက်ဆိုင်ရာ Taskbar ကို Right Click နှိပ်ပြီး Lock the taskbar ကိုအမှန်ခြစ်ဖြုတ်ပါ။ ပြီးရင် Show Test, Show Title ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ။
နောက်ဆုံးအဆင့်မှာတော့ Taskbar က ကိုယ်လိုချင်တဲ့ နေရာကိုရောက်သွားပြီဆိုရင် Lock the taskbar ကို အမှန်ပြန်ခြစ်လိုက်ပါတယ်။ တိကျသေသပ်တဲ့ Taskbar နဲ့ Software Icon တွေကို အလယ်မှာ ထားနိုင်ပါပြီ။ ဒီနည်းလမ်းကို သဘောကျ နှစ်သက်တယ်ဆိုရင် ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို တဆင့် Sharing လုပ်သွားနိုင်ပါတယ်။