
Telegram မှာရှိပြီးသား Sticker တွေမဟုတ်ပဲ ကိုယ်တိုင် ဖန်တီးထားတဲ့ Sticker တွေကို အသုံးပြုချင်တယ်ဆိုရင်တော့… အခုပြောပြသွားမယ့် အကြောင်းအရာကို အဆုံးထိ ကြည့်သွားစေချင်ပါတယ်။
- ပထမဆုံးအနေနဲ့ Telegram App ထဲကိုဝင်ပြီး Search Bar မှာ Sticker ဆိုပြီး ရိုက်ရှာလိုက်ပါ
- Start Button ပေါ်လာရင် နှိပ်ပြီး Text Bar မှာ /newpack ဆိုပြီးပို့လိုက်ပါ
- ပြီးရင်ကို ပေးချင်တဲ့ နာမည်တစ်ခု ပေးလိုက်ပါ
- ပြီးရင် PNG သို့မဟုတ် WEBP Format နဲ့ကိုယ်လုပ်ချင်တဲ့ Sticker ပုံလေးတွေကို ပို့ပေးရပါမယ်။ ဒီပို့တဲ့နေရာမှာ တစ်ခု သတိထားရမှာကတော့ Image ပို့သလို ပို့မိမယ်ဆိုရင် မရပါဘူး။ Gallery, File, Location, Poll နဲ့ Contact ဆိုတဲ့ ရွေးချယ်စရာတွေထဲက File ဆိုတာကို ရွေးပြီး ပို့ပေးမှ ရမှာဖြစ်ပါတယ်။
- ပြီးရင် /publish ဆိုပြီးပို့ပါ။
- /skip ဆိုပြီး ပို့ပါ
- ဒီအဆင့်မှာလည်း သတိထားစရာ နည်းနည်းရှိပါတယ်။ Short Name ပေးတဲ့နေရာမှာ အခြားသူတွေကလည်း ပေးထားတဲ့ နာမည်တွေရှိနေတဲ့အတွက် သူများနဲ့ မတူတဲ့ နာမည်ပေးမှပဲ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီအဆင့်ပြီးရင်တော့ ကိုယ်ပိုင် Sticker လေးတွေကို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
- Add Sticker မှာ ကိုယ်ထည့်ချင်သလောက် Sticker တွေကိုထည့်ပေးလိုက်ပါ။
အထက်ပါ အချက်တွေကို လုပ်ဆောင်ပြီးရင်တော့ Telegram မှာ ကိုယ်ပိုင် Sticker တွေကို အသုံးပြုနိုင်ပါပြီ။ မိတ်ဆွေတို့အတွက် အသုံးဝင်မယ်လို့လည်း မျှော်လင့်ပါတယ်။