လုပ်ငန်းတစ်ခုကို Local မှာပဲဖြစ်ဖြစ် Online ပေါ်မှာဖြစ်ဖြစ် အောင်မြင်မှုရရှိပြီး ကိုယ့်ရဲ့ လုပ်ငန်းကို မှတ်မိနေဖို့ဆိုတာ ကိုယ့်ရဲ့ Product/ Service ကောင်းနေဖို့အပြင် ကိုယ်အသုံးပြုထားတဲ့ Color တွေကလည်း အရမ်းကိုအရေးကြီးပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ Logo တွေ Signboard တွေမှာသုံးထားတဲ့ Color နဲ့ ကိုယ့်ရဲ့ လုပ်ငန်းက ကိုက်ညီနေမှာ အောင်မြင်သင့်တာထက်ပိုပြီး အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘလို Color တွေကကိုယ့်ရဲ့ လုပ်ငန်းမှာ အသုံးပြုသင့်လဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…

 

အနီ

ဒီအရောင်ကတော့ လူတွေရဲ့ စိတ်ကို Strong Emotion ဖြစ်စေသလို အစာစားချင်စိတ်တွေကို ဖြစ်စေနိုင်တဲ့ အရောင်ပဲဖြစ်ပါတယ်။ လူတွေစိတ်ခံစားချက်ကို Urgent ဖြစ်စေနိုင်တဲ့ အရောင်လည်း ဖြစ်ပါတယ်။ 

 

အပြာ

အပြာရောင်ကတော့ လူတွေရဲ့ စိတ်ခံစားချက်ကို တည်ငြိမ်အေးချမ်းစေမှု ဖြစ်ပေါ်စေတဲ့အရောင် ဖြစ်ပါတယ်။ Social ကို ကိုယ်စားပြုတဲ့ Color လည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းကို ယုံကြည်စိတ်ချမှု ရစေနိုင်တဲ့ အရောင်မျိုးလည်း ဖြစ်ပါတယ်။ Social Media Platform တွေဖြစ်တဲ့ Facebook, Twitter, LinkedIn တို့ကိုကြည့်မယ်ဆိုရင်လည်း သိနိုင်ပါတယ်။ 

 

အဝါ

အဝါရောင်ကတော့ ပျော်ရွှင်ခြင်း၊ နွေးထွေးစေခြင်း အစရှိတဲ့ အဓိပ္ပါယ်တွေ ခံစားချက်တွေကို ဖော်ဆောင်ပါတယ်။ Brain Function တွေကိုလည်း လှုံဆော်ပေးနိုင်တဲ့ အရောင်လည်း ဖြစ်ပါတယ်။

 

လိမ္မော်

လိမ္မော်ရောင်ကတော့ လူတွေရဲ့ Enthusiasm ‌ဟော်မုန်းကို ထကြွစေတဲ့ အရောင်ဖြစ်ပါတယ်။ Friendly, Cheerful တွေကို ဖြစ်ပေါ်စေနိုင်တဲ့ အရောင်လည်း ဖြစ်ပါတယ်။ 

 

အစိမ်း

အစိမ်းရောင်ကတော့ ကျန်းမာခြင်းနဲ့ တည်ငြိမ်ခြင်း အစရှိတဲ့ သဘောတရားတွေကို ဖော်ဆောင်တဲ့ အရောင်ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတရားတွေကိုလည်း ဖော်ဆောင်ပေးတဲ့ အရောင်တစ်ရောင်လည်း ဖြစ်ပါသေးတယ်။

 

ဒီ Color တွေရဲ့ သဘောတရားတွေကို လေ့လာပြီး ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Color တွေကို သုံးသပ် ရွေးချယ်နိုင်ပါတယ်။

 

Leave a Reply

social sharing buttons