03 Dec 2018
ယခုတစ်ခါတင်ဆက်ပေးမဲ့ အကြောင်းအရာကတော့ Marketing နယ်ပယ်တွေမှာ လိုအပ်တဲ့ Marketing
Strategy (၅) မျိုးဖြစ်တဲ့ 5-M Advertising ကိုဖော်ပြပေးမှာပဲဖြစ်ပါတယ်။ ဒီ 5-M Advertising ကိုသိပြီးတဲ့သူရှိသလို၊ မသိသေးတဲ့သူများလည်းရှိအုံးမှာ ဖြစ်တဲ့ အတွက် ဖော်ပြပေးခြင်းဖြစ်ပါတယ်...
ဒီ 5-M Advertising မှာပါဝင်တဲ့ အချက်တွေကတော့.
1. Mission
Mission ကတော့ သင့်ရဲ့လုပ်ငန်းကို ဘယ်လိုရည်မှန်းချက်နဲ့သွားမလဲဆိုတဲ့ အချက်ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဥပမာ - သင့် Company ရဲ့ Brand ကို လူသိစေချင်လို့ ကြော်ငြာတာလား? သင့် Company ရဲ့ Product ရောင်းအားကို မြင့်တင်ချင်တာလား အစရှိတဲ့ လုပ်ငန်းရဲ့ ကြော်ငြာခြင်း ရည်ရွယ်ချက်ကို သေချာစဉ်းစားပေးဖို့ လိုအပ်ပါတယ်။
2. Money
ဒီ Money ကတော့ လုပ်ငန်းရဲ့ လိုချင်တဲ့ ရောင်းအား ဦးတည်ချက်ကို ရစေဖို့အတွက် Risk And Return
သုံးစွဲမှု နှင့် ပြန်လည်ရရှိနိုင်မှုကို ခန့်မှန်းပြီး၊ လုပ်ငန်းကြော်ညာရဲ့ အသုံးစရိတ်ကို ချင့်ချိန်သတ်မှတ်ထား ဖို့လိုအပ်ခြင်း ဖြစ်ပါတယ်။
3. Message
Message ကတော့ သင့်လုပ်ငန်းရဲ့ Audience ကို စိတ်ဝင်စားအောင် အဓိကပေးလိုတဲ့ Message ၊ လုပ်ငန်းကြော်ငြာက Content ၊ အဓိက Keywords တွေကို ဂရုတစိုက် စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ Social
Responsibility ဖြစ်တဲ့ Message တွေကိုရွေးချယ်ဖို့လည်း လိုအပ်ပါသေးတယ်။
4. Media
သင့်လုပ်ငန်းရဲ့ Target ထားတဲ့ ဈေးကွက်ထဲသို့ရောက်အောင် ထိရောက်အကျိုးရှိစေမဲ့ နည်းလမ်းတွေကိုရွေးချယ်သတ်မှတ်ပြီး၊ သင့်တော်တဲ့ Media တစ်ခုခုကို မှန်ကန်စွာရွေးချယ်ပြီး ထိရောက်စွာ ကြော်ငြာဖို့လိုအပ်ပါတယ်။ ဥပမာ - သင့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိတဲ့ Social Media Platform တစ်ခုခုနဲ့ ကြော်ငြာမလား? အစရှိတဲ့ နည်းလမ်းတွေကိုလည်း ရွေးချယ်ဖို့လိုအပ်ပါတယ်။
5. Measure
သင့်လုပ်ငန်း အတွက် ကြော်ငြာရဲ့ Result ပြန်လည်ရရှိမှုတွေ Cost And Benefit အပေါ်ပြန်လည်ဆန်းစစ်မှု၊ ပြန်လည်သုံးသပ်ပြီး Targeted Result ပြည့်မှီဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
ဒီ 5-M Marketing ဆိုတဲ့ Marketing Strategy လေးကတော့ Marketing နယ်ပယ်တွေဖြစ်တဲ့ Traditional Marketing နဲ့ Digital Marketing အတွက် အခြေခံအနေနဲ့ သိထားသင့်တဲ့ Marketing Strategy ဆိုရင်လည်းမမှားဘူး။ ဒီ 5-M Marketing ကသင့်လုပ်ငန်းအပေါ်မှာကောင်းမွန်တဲ့ ရလဒ်တွေကိုရရှိလာနိုင်မဲ့ Marketing Strategy ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
[embed]https://youtu.be/5bEpn8mruqc[/embed]
Ref - iibmindialms