21 Aug 2019
လက်ရှိ ကောက်နုတ်ရရှိထားတဲ့ Report အရ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ လစဉ် Facebook အသုံးပြုသူ ၂.၄၁ ဘီလီယံ ရှိခဲ့ပါပြီ။ ကမ္ဘာ တစ်ဝှမ်းမှာ အသုံးပြုမှုများပြားနေဆဲ ဖြစ်နေတဲ့ Facebook မှာ Business တွေကို တွဲဖက်လုပ်ကိုင်မှုတွေလည်း များသထက်များပြားလာပါတယ်။ ယခုအချိန်ထိ Facebook ဟာဆိုရင် အကြီးမားဆုံး Social Media Platform တစ်ခုလိုဆိုရင်လည်း မမှားပါဘူး။
Facebook ဟာ Marketer တွေလျစ်လျူရှုလို့မရတဲ့ Potential Reach အများဆုံးရရှိတဲ့ Social Network တစ်ခုဖြစ်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက Business ပေါင်း ၈၀ မီလီယံဟာဆိုရင်လည်း Facebook Marketing ကိုအသုံးပြုပြီး လုပ်ကိုင်နေကျပြီလို့ သိရှိရပါသေးတယ်။ ဒါကြောင့် Business အတွက် အသုံးဝင်တဲ့ Facebook Marketing နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်…
– Facebook Advertising လုပ်ခြင်းဖြင့် Brand Awareness နဲ့ Traffic ရရှိလာပြီး Organic Audience တွေရလာပါတယ်။ သင့် Business/ Brand ကို အမှန်တကယ် စိတ်ဝင်စား နှစ်သက်တဲ့ Audience တွေမှတဆင့် အခြား Audience အသစ်တွေဆီကို ပျံနှံ့ သိရှိလာစေပါတယ်။
– သင့် Business အတွက်ရှိပြီးသား Audience တွေကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ရှိပြီးသား Audience တွေကို ထိန်းသိမ်းထားနိုင်ဖို့ ဆိုရင်တော့ အောက်ပါအချက်လေးတွေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်…
– နောက်တစ်ချက်အနေနဲ့ Customer Support အပိုင်းမှာ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ FAQ တွေဖြေကြား ပေးဖို့ ဝန်ထမ်းသီးသန့် ထားတာပဲဖြစ်ဖြစ်၊ Chatbot တွေကို အသုံးပြုတာပဲဖြစ်ဖြစ်ပြု လုပ်ထားပေးဖို့လိုအပ်ပါတယ်။ တချက်သတိထားသင့်တဲ့ အချက်ကတော့ Chatbot အသုံးပြုရာမှာ စနစ်တကျ Set-Up ချထားဖို့တော့ လိုအပ်ပါတယ်။ Chatbot တွေက စနစ်တကျမဖြစ်တဲ့အခါမှာ Customer တွေရဲ့ မေးခွန်းတွေနဲ့ Chatbot ရဲ့ အဖြေက ကိုက်ညီမှုမရှိခဲ့ဘူးဆိုရင် သင့် Business အတွက် ထိခိုက်နှစ်နာမှုတွေ ဖြစ်လာတတ်ပါတယ်။
အထက်ပါ အချက်တွေကတော့ Business အတွက် အကျိုးအမြတ်တွေရရှိလာစေမဲ့ Facebook Marketing နဲ့ ပတ်သတ်တဲ့ အချက်တွေ ဖြစ်မယ်လို့ ယူဆရပါတယ်။